.. ၄၀ ..
22K 3K 117
《Zawgyi》
အပိုင်း - ၄၀ [သွားခွင့်ပေးပါ]
ချင်းစုယွဲ့နှင့် ကျီယီတို့ စကားပြောခဲ့စဉ်က အကြောင်းအရာတွေကို ပြန်တွေးမိသွားတော့ ချန်းစီနျန်၏ မျက်နှာမှာ ဝမ်းနည်းမှုတွေဖြင့် ပြည့်နှက်လို့သွားသည်။
ချင်းစုယွဲ့ဟာ ရှေ့တည့်တည့်ကို ကြည့်နေရင်း ထိုင်နေသော်လည်း သူ့အကြည့်ကို ခံစားမိလေသည်။ သူမရဲ့ မျက်ဝန်းတွေဟာတော့ ရှေ့တွင် ရှပ်ပြေးနေသည့် အနီရောင်လမ်းအချိုးအကွေ့ အရေအတွက် အစဉ်လိုက်ကိုသာ စိုက်ကြည့်နေရင်း ပြောလိုက်သည် "ရှင် ဘာလို့ ဒီည ထူးထူးဆန်းဆန်း ပြုမူနေတာလဲ ကျွန်မသိတယ်" သူမက လေးလေးနက်နက် ပြောလိုက်သည်။
ချန်းစီနျန်က သူ့ရဲ့ ခါးသီးနေသည့် အမူအယာဖြင့်သာ ဆက်ရှိနေပြီး ဘာမှ မတုံ့ပြန်ခဲ့ပေ။ သူမက ဆက်ပြီး "ရှင့်ရဲ့ မက်မွန်ပန်းလေးကို ကာကွယ်ဖို့အတွက် ကျွန်မကို အသုံးပြုခဲ့တာကို ဝမ်းနည်းမိပေမယ့်လည်း ကျွန်မက ရှင့်ရဲ့ရန်သူ မဟုတ်တာကို သိထားပေးပါ ... ကျွန်မ ဆန္ဒမရှိပေမယ့် ရှင်ဖြစ်ချင်တာကို ကျွန်မ လုပ်ပေးခဲ့တယ်"
ချင်းစုယွဲ့ဟာ သူ့ကို စကားပြောနေသည့်အချိန်မှာ သူမကိုယ်သူမ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သိမ်ငယ်မှုကို ခံစားရသည်။ သူမ၏အသံမှာ တဖြည်းဖြည်း ယုံကြည်မှုနှင့် ခွန်အားတွေ ဆုံးရှုံးလို့လာခဲ့သည်။ "ဘာပဲဖြစ်ဖြစ် ပြီးတာက ပြီးသွားပြီပဲ ... ကျွန်မက အတင်းအဖျင်းတွေနဲ့ ပတ်ဝန်းကျင်ဆက်ဆံရေးတွေကို တာဝန်ယူပါတယ် ... ကျွန်မ ဘာမှ မမှတ်မိနိုင်တော့ပေမယ့်လည်း အတိတ်မှာတုန်းက ကျွန်မကြောင့် ရှင့်ကို မကြာခဏ စိတ်ဆိုးစေပြီးတော့ ဒုက္ခတွေ အများကြီးရောက်စေခဲ့တာကို ကျွန်မ ခံစားလို့ရပါတယ် ... အရာရာတိုင်းအတွက် ရှင့်ကို လေးလေးနက်နက်ကို တောင်းပန်တာပါ ... ကျွန်မတို့ နောက်တစ်ခါ ထပ်တွေ့ခဲ့မယ်ဆိုရင် ဘယ်တုန်းကမှ မသိခဲ့သလိုမျိုး နေရအောင်"
ချင်းစုယွဲ့ ကားထဲကို စရောက်ထဲက ထိုကိစ္စအပေါ် စိတ်ရှုပ်နေခဲ့တာဖြစ်ပြီး နောက်ဆုံးတော့ သူ့ကို စကားပြောနိုင်ဖို့ သတ္တိတွေ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်၏။