.. ၄၁ ..
21.3K 2.5K 54
《Zawgyi》
အပိုင်း - ၄၁ [ငြင်းပယ်သည်]
ချန်းစီနျန်ဟာ ကားနောက်ကြည့်မှန်ကို စိုက်ကြည့်နေရင်း ကျိန်ဆဲမိသည်။ သူမမှာ ထိုဒေါက်ဖိနပ်တွေဖြင့် နှေးကွေးစွာသာ လမ်းလျှောက်နေနိုင်တာကို မြင်တော့ သူ့ဖုန်းကိုထုတ်ပြီး မော့ရွှီယွမ်အား သူမကို လာခေါ်ခိုင်းမိလုနီးပါးပင်။ ဒါပေမယ့် သူ မလုပ်နိုင်ခဲ့ပဲ ဖုန်းကို ချလိုက်သည်။
တစ်စုံတစ်ယောက်ဟာဆိုရင်ဖြင့် အဟုတ်ကိုပဲ သဘောထားတွေ ပြောင်းလို့နေပါပြီ!
သူဟာ ကားကို လမ်းဘေးသို့ ခဏထိုးထားလိုက်ပြီး ကားမှန်ကိုချကာ ဖွင့်လိုက်တော့ ဝင်လာတဲ့ လေအေးတွေက သူ့ဒေါသတွေကို လွင့်ပါးသွားစေသည်။ သူ့လက်တစ်ဖက်ကို ကားပြတင်းတွင် တင်ထားရင်း သူ့အကြည့်ဟာတော့ ခေါင်းမာတတ်သည့် ပုံရိပ်လေးတစ်ခုက တစ်ခါတစ်ရံတွင် လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်ကိုသာ စူးနစ်စွာ ငေးကြည့်နေတုန်းပင် ရှိသေးသည်။
ချင်းစုယွဲ့မှာ ဖြတ်သွားသည့် လူတစ်ယောက်ထံမှ ဖုန်းကိုငှားပြီး ချင်းကွမ်းချန်ကို လှမ်းခေါ်လိုက်ဖို့ တွေးမိသည်။ ဒါပေမယ့် သူမကို နှာဘူးထပြီး ကြည့်ကြမယ့် ယောက်ျားတစ်ချို့၏ အကြည့်တွေကို တွေးမိသွားတော့ ထိုအတွေးကို ချက်ချင်းပဲ ရပ်လိုက်သည်။ သူမ ဒီကမ္ဘာကို စရောက်ထဲက ဘယ်သူ့ရဲ့ ဖုန်းနံပါတ်ကိုမှ မသိတာကိုလည်း နားလည်သိရှိသွားခဲ့သည်။ သူမမှာ ဖုန်းနံပါတ်တွေကို ဖုန်းထဲတွင်ပဲ မှတ်ထားခြင်းဖြစ်ကာ ဂရုမထားခဲ့မိပေ။
သူမရဲ့ ဖုန်းနံပါတ်ကိုပင် သူမ မသိကြောင်း မှတ်မိသွားလေသည်။
ချင်းစုယွဲ့မှာ သူမ၏လက်ကို မျက်နှာဆီလှမ်းလိုက်ရင်း နဖူးအား နှိပ်နှယ်နေမိသည် "ကောင်းကင်ဘုံက ငါ့ကို တစ်ကယ် ဖျက်ဆီးချင်နေတာပဲ"
မိနစ်နှစ်ဆယ်နီးပါးလောက် လျှောက်နေရင်းမှ ချင်းစုယွဲ့ဟာ ရွေ့လျားခြင်းမရှိသော အနက်ရောင်ကားတစ်စီးအား ရုတ်တရက် သတိပြုမိသွား၏။
ချင်းစုယွဲ့မှာ ရုတ်ချည်း အတွေးတစ်စ ဝင်ရောက်သွားပြီးနောက်တွင်မူ 'ချန်းစီနျန်က အကြင်နာဂရုဏာရှိပြီး စာနာတတ်တဲ့ ပုံစံမျိုး မဟုတ်ပါဘူးလေ' ဟူ၍ ထိုသို့ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်သည်မို့ ဒီအကြောင်းကို ထပ်မတွေးတော့ရန် သူမ၏အတွေးတွေကို အမြော်အမြင်ကြီးစွာ ရပ်လိုက်သည်။