.. ၄၃ ..
20.9K 2.3K 25
《Zawgyi》
အပိုင်း - ၄၃ [ပြောင်းရွှေ့ခြင်း]
"ဒီနေရာမဟုတ်တဲ့ တစ်နေရာရာ?" ချင်းကွမ်းချန်က ချင်းစုယွဲ့ပြောတာကို သေသေချာချာ သဘောမပေါက်သေးပေ။
ချင်းစုယွဲ့က ခေါင်းညိတ်လျက် "ညီမလေး ရှန်ကျင်းမြို့က ထွက်သွားချင်ပေမယ့် ဒီနိုင်ငံကနေတော့ ထွက်မသွားချင်ဘူးလေ ... တိုင်းတစ်ပါးမှာ နေရတဲ့ဘဝကြီးက ငြီးငွေ့ဖို့ကောင်းမှာ အထူးသဖြင့် ညီမလေးတစ်ယောက်ထဲ သွားရင်လေ တော်တော်ကြီးကို အထီးကျန်ရမှာ ... ရှန်ကျင်းမြို့ မဟုတ်သရွေ့တော့ ဒီနိုင်ငံထဲက ဘယ်နေရာဖြစ်ဖြစ် ညီမလေး အဆင်ပြေပါတယ်"
"ခဏ! ကိုကို့ကို ညီမလေး ထွက်သွားချင်ရတဲ့ အကြောင်းပြချက်ကို အရင် ပြောပြပါအုန်း"
"ညီမလေး ဒီမှာ ဆက်မနေချင်တော့ဘူး ဘာလို့လဲဆိုတော့ ချန်းစီနျန်ကို ထပ်မတွေ့ချင်တော့လို့" ချင်းစုယွဲ့က အမှန်အတိုင်းပဲ ဖြေလိုက်သည်။
သူမ ဝတ္ထုထဲကနေ သိလာရတာက ချင်းကွမ်းချန်မှာ သူမတို့နှစ်ဦးအား အတူတကွ ရှိမနေစေလိုကြောင်းကိုပင် ဖြစ်၏။
သူမသာ ချန်းစီနျန်အနားမှ ထွက်ခွာချင်သည်ဟုသာ ပြောလိုက်လျှင် ချင်းကွမ်းချန်က ဘယ်လိုကိစ္စမျိုးပင် ဖြစ်ပါစေ သူမအား ကူညီပေးလိမ့်မည်ဖြစ်ကြောင်း သိလေသည်။
ချင်းကွမ်းချန်က နက်နက်ရှိုင်းရှိုင်း တွေးဆလျက် "ညီမလေးက သူ့ကို အခုထိ ကြိုက်နေသေးတာလား?"
"မဟုတ်ဘူး မဟုတ်ပါဘူး!" ချင်းစုယွဲ့ဟာ ထိတ်ထိတ်ပျာပျာဖြင့် သူမရဲ့လက်တွေကို ခါယမ်းပြလိုက်ရသည်။ "ညီမလေး အတိတ်တုန်းက လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ဒါကို လုပ်ကိုလုပ်ရမှာမို့ပါ ... ညီမလေး ဘာကိုမှ မမှတ်မိတော့ပေမယ့် ပြဿနာတွေအများကြီး ရှာခဲ့မိတာတော့ သေချာတယ် ... ညီမလေးက ငြိမ်းချမ်းတဲ့ ဘဝလေးကိုပဲ လိုချင်တာပါ တည်ငြိမ်အေးဆေးတဲ့ ဘဝလေးကိုပဲ ... ညီမလေး ကျောင်းထွက်မယ်လို့ ပြောတာ မဟုတ်ပါဘူး ဒါပေမယ့် ပတ်ဝန်းကျင် အသစ်တစ်ခုမှာ စာသင်ချင်တယ် ညီမလေးကိုရော ချန်းစီနျန်ကိုရော ဘယ်သူမှ မသိကြမယ့် တစ်နေရာရာပေါ့"