.. ၄၄ ..
20.8K 2.4K 79
《Zawgyi》
အပိုင်း - ၄၄ [ A မြို့ ]
ချင်းစုယွဲ့မှာ Aကောလိပ်တွင် တစ်ပတ်သာ နေရသေးသော်လည်း ဒီနေရာရဲ့ ပညာရေးအဆင့်အတန်းနှင့် လူနေမှုတန်ဖိုးတို့မှာ ရှန်ကျင်းမြို့ရှိ ကောလိပ်ထက် ပိုသာလွန်ကြောင်းကို သိရှိလေသည်။
ရှန်ကျင်းမြို့မှာဆိုလျှင် ချန်းစီနျန်ကြောင့် ကျောင်းသူကျောင်းသားတွေအားလုံး၏ အာရုံစိုက်မှုမှာ သူမအပေါ်တွင်သာ စုပြုံ ကျရောက်လို့နေခဲ့တာပင် ဖြစ်၏။ သူတို့တတွေ သူမကို မမေ့လျော့ကြသည်မှာ အရင်ဗီလိန်ဇာတ်ဆောင်၏ အတိတ်တွင် ပြုလုပ်ခဲ့သော အရာအားလုံးကြောင့်သာလျှင် ဖြစ်ပေသည်။
သူမ ဝတ္ထုကို ဖတ်ခဲ့စဉ်က ထိုအရံအမျိုးသမီးဇာတ်ဆောင်၏ ဘေးတွင် အမြဲလိုလိုပင် အန္တရာယ်ရှိနေသည်ဟု သူမ ခံစားခဲ့ရသည်။ ဒါပေမယ့် အခုတော့ သူမ လွတ်လပ်သွားပြီပင် ... ဟိုး... မင်းရဲ့ ရုန်းရင်းဆန်ခက် ဆူဆူပူပူ အတိတ်ဖြစ်ရပ်တွေကို လူတွေက မင်းကို အမြဲတမ်း ခဏခဏ လာပြီး သတိရမှတ်မိစေကြမယ်ဆိုရင် မင်းဘယ်လောက်တောင် စိတ်ဆိုးလိုက်မလဲ!
အဲဒါကြောင့်မို့ ပတ်ဝန်းကျင် ပြောင်းလိုက်ခြင်းဟာ သူမအား မယုံကြည်နိုင်စရာကောင်းလိုက်အောင် အံ့အားသင့် ပျော်ရွှင်စေရသည်။
ချင်းကွမ်းချန်က သူမရဲ့ ဌာနက ဆရာဆရာမတွေနှင့် Aကောလိပ်ရဲ့ ကျောင်းအုပ်ကြီးတို့အား အစထဲကပင် ပြောပြထားပြီးပြီ ဖြစ်လေရာ သူတို့အားလုံးက သူမကို ဂရုစိုက်ပေးကြလေ၏။ ကျောင်းသူကျောင်းသားတွေကလည်း သူတို့ကျောင်းရဲ့ ဧည့်ဝတ်ကျေပွန် ဖော်ရွေမှုကို သူမအား သိရှိစေရန်အတွက် ရံဖန်ရံခါ ကူညီပေးတတ်ကြသည်။
ချင်းစုယွဲ့က သက်ပြင်းချလိုက်ရင်း တွေးနေမိသည်မှာ ပုံမှန်ကျောင်းတက်နေသည့် ဘဝဆိုသည်မှာ ဒီလိုမျိုးလေးသာ ဖြစ်သင့်သည် ဟူ၍ပင်။
သူမ ရောက်ရှိပြောင်းရွှေ့လာပြီးနောက် ပထမပိုင်း ရက်အနည်းငယ်အတွင်းမှာပင် သူမရဲ့ လူသိများမှုဟာ လျှင်လျှင်မြန်မြန်ပဲ တိုးတက်လို့လာခဲ့သည်။ သူမက လှပရုံတင်မကပဲ သူမလို စာသင်ယူရတာကို နှစ်သက်သဘောကျသည့်သူမျိုးမှာလည်း ရှားပါးလှပေသည်။အရေးကြီးဆုံးကတော့ သူမဟာ ရင်းနှီးခင်မင်ဖော်ရွေဖို့ လွယ်ခြင်းပင် ဖြစ်လေ၏။ သူမနှင့် ဆုံတွေ့သည့် ဆရာဆရာမများနှင့် ရွယ်တူသူငယ်ချင်းတိုင်းကို ချိုသာဖော်ရွေစွာ နှုတ်ဆက်တတ်ပြီး ထိုသို့နှုတ်ဆက်ဖို့အတွက်လည်း ဘယ်တော့မှ မပျက်ကွက်ခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူမဟာ လူတိုင်းအပေါ်တွင် နှစ်လိုဖွယ်ကောင်းသည့်အမြင်ကို ကျန်ရှိစေလေသည်။