P(1)

25K 889 35
                                    

"ဝုန်း...."

"ဒိုင်း....ဒိုင်း...ဒက်...ဒက်....ဒက်...."

အရုဏ်တက်ချိန်.. 4 နာရီခန့်...တိတ်ဆိတ်မှုကို ဖြိုခွင်းနေသော ခြောက်ခြားဖွယ်အသံများက..... ကမ္ဘာပျက်နေသည် ထင်ရလောက်အောင် ဆူညံပွက်လောရိုက်နေခဲ့ပါသည် ။

"ဗိုလ်ကြီး....ဒီတိုင်းဆို ကျွန်တော်တို့ မလွယ်ဘူးထင်တယ် ကျွန်တော်တို့ဘက်က အင်အားသိပ်မရှိတော့ဘူး ဒဏ်ရာရနေသူတွေ အရမ်းများနေတယ် ဆေးတပ်ကူတွေကလည်း မလောက်ငှတော့ ဒဏ်ရာရတဲ့သူတွေပဲ ပုံနေမှာစိုးရတယ် ဗိုလ်မှူး.. "

တစ်ကယ်တော့ မမျှော်လင့်ပဲ အလစ်ဝင်တိုက်တာကြောင့် သူတို့ ခုလို ခံနေရခြင်းဖြစ်သည် ။ ည 12 နာရီကတည်းကစတဲ့တိုက်ပွဲ.. ခု မိုးတောင်လင်းတော့ မယ် နှစ်ဖက်လုံးအလျှော့မပေးပဲ တိုက်ပွဲကဆက်လက်ပြင်းထန်နေခဲ့သည် ။

နှစ်ဖက်လုံးကလည်း ခြေကုန်လက်ပန်းကျနေကြပေမဲ့ ဇွဲတော့မလျှော့ကြ... ဒါပေမဲ့ AA အဖွဲ့မှ ရုတ်တရက်အလစ်ဝင်တိုက်ခဲ့တာကြောင့် ပစ်ကွင်းသေချာမရွေးလိုက်မိကြတာကြောင့်လည်း ခုလို အကျများနေခြင်းဖြစ်သည်။

တပ်သား တစ်ယောက်ပြောနေတာကို ဗိုလ်ကြီးဖြစ်တဲ့Yibo ဘာမှပြန်မပြောပဲ သူ့ရှေ့က တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာတွေရနေတဲ့ သူ့တပ်သားများကိုသာ ထွေထွေကြီးစိုက်ကြည့်နေခဲ့သည်။

ဗိုလ်ကြီး တစ်ယောက်ဖြစ်ပြီး သူ့တပ်သားတွေကို ကာကွယ်မနိုင်ဘူးဆိုကာစိတ်ထဲလဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်...။ ထိုအချိန် စကားပြောစက်မှ

"ဟဲလို...ဟဲလို....ဗိုလ်ကြီး.."

တပ်ကြပ် ဝမ်နင်းအသံ.. သူတို့အဖွဲ့က တခြားနေရာတစ်ခုကနေ ရန်သူများကို ပစ်ခတ်နေခဲ့ပြီး ယခုအချိန် သူတို့ဘက်မှ အသာစီးရနေတာကြောင့် ဗိုလ်မှူးကိုကူပေးရန် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်.. ။

"အင်း... ပြော..."

"ကျွန်တော်တို့ အဲ့ဘက်ကို လာကူမယ် ဗိုလ်ကြီး ဒီဘက်က ရန်သူအဖွဲ့ တော်တော်လေးကျသွားပြီ.."

Yb သူ့ဘေးက တပ်သားရှောင်လု ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူတို့အတွက် မျှော်လင့်ချက် ရေးရေးလေးရှိနေပြီဆိုတဲ့သဘော....

စစ်မြေပြင်မှ ချစ်တေးတစ်ပုဒ်Where stories live. Discover now