.. ၄၅ ..
20.7K 2.3K 21
《Zawgyi》
အပိုင်း - ၄၅
[တိုက်ဆိုင်တာလား ဒါမှမဟုတ်?]
ချန်းစီနျန်၏ အမူအယာ ရုတ်တရက် ပြောင်းလဲသွားခြင်းမှာ ထူးဆန်းလှသည်ဟု မော့ရွှီယွမ်က ခံစားလိုက်ရသည်။
သူ ထပ်ပြီးတော့ တစိမ့်စိမ့် တွေးဆနေပြီးတော့မှ "သူမက Aကောလိပ်ကို ကျောင်းသားဖလှယ်တဲ့ အနေနဲ့ ပြောင်းသွားတာကို မင်းမသိဘူးလား?"
ချန်းစီနျန်က အားအင်တွေ လျှင်မြန်စွာ ကုန်ခမ်းသကဲ့သို့ပင် ဖြစ်နေ၏။ "ငါတို့ကျောင်းနဲ့ Aကောလိပ်မှာ အဲ့လိုရင်းနှီးခင်မင်တဲ့ ဆက်ဆံရေး ရှိခဲ့တယ်လို့ ငါမကြားမိပါဘူး?" သူက မော့ရွှီယွမ်ကို စိုက်ကြည့်နေလျက်မှ မေးလိုက်သည်။
ချန်းစီနျန်၏ မေးခွန်းကို ကြားလိုက်တော့ သူ စကားဖြတ်ပြောမခံရခင်က ပြောမလို့လုပ်နေတာကို သတိရသွားလေသည်။ "မင်းသာငါ့ကို သတိမပေးရင် ငါ ဒါကိုပြောဖို့ မေ့တော့မလို့ကွ ... ငါတို့ကျောင်းက ဘယ်တုန်းကမှ Aကောလိပ်နဲ့ ပူးပေါင်းမဆောင်ရွက်ဖူးဘူးလေ ...ချင်းစုယွဲ့က ပြောင်းဖို့ အခွင့်အရေးရသွားတာ ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ?"
ဘုရားစူး မိုးကြိုးပစ် "တိုက်ဆိုင်တာ!"ကြီး
"ဘာ တိုက်ဆိုင်တာလဲ? ဒါကို တစ်ယောက်ယောက်က လုပ်ခဲ့တာ လုံးဝကို သေချာတယ် ချင်းစုယွဲ့မှ မဟုတ်ရင် ချင်းကွမ်းချန်ပဲ" တွေးကြည့်လိုက်ပြီးနောက် ချန်းစီနျန်၏ အမူအယာမှာ ရေခဲကဲ့သို့ အေးစက်မာကျောသွားလေသည်။
သူမက ဒီလောက် ဥာဏ်ရည်မထက်မြက်ပဲ ပြုမူနေခဲ့တာတွေကို ကြည့်လျှင်  သူမ လုပ်ခဲ့တာ လုံးဝကို မဖြစ်နိုင်ပေ။ ချင်းကွမ်းချန်ပဲ ဖြစ်ရမည်။
ဘာကြောင့် လုပ်ရတာလဲ? သူ့ကို ရှောင်တိမ်းဖို့လား?
ချန်းစီနျန် ပိုတွေးလေလေ ဒါက ဖြစ်နိုင်ကြောင်း သိလာလေလေပင်။
သိပ်မကြာသေးခင်တုန်းက ချင်းစုယွဲ့က သူနှင့် ဘာမှ မပက်သတ် မပြုလုပ်လိုကြောင်း အသိပေးခဲ့သေးသည်။
ဘာလို့ သူမ ရုတ်တရက်ကြီး မေဂျာပြောင်းသွားရတာလဲ?
ဘာလို့ သူမရဲ့တိုက်ခန်းကနေ ရုတ်တရက် ပြောင်းရွှေ့သွားရတာလဲ? အဲဒါနဲ့တင် မလုံလောက်သေးပဲ သူ အလုပ်ကိစ္စ ခရီးထွက်နေရတဲ့ အချိန်မှာ သူမက ရှန်ကျင်းမြို့ကနေ Aမြို့သို့ ပြောင်းသွားတာလား?