.. ၄၆ ..
20.5K 2.4K 56
《Zawgyi》
အပိုင်း - ၄၆
[ကြင်နာမှုလား ဒါမှမဟုတ် ထောင်ချောက်လား?]
အခုချိန်မှာ ချင်းစုယွဲ့ထံတွင် ရှိနေသည့် အင်အားလေးမှာ သူမ၏ နှုတ်ခမ်းတွေ ခြောက်သွေ့အက်ကွဲနေတာကို ခံစားမိနေဖို့အတွက်သာလျှင် ကျန်ရှိပေတော့လေသည်။ သူမမှာ ပြန်တုံ့ပြန်ဖို့ရာ မစွမ်းနိုင်ဘဲ စိတ်ထဲမှသာ မျက်ဝန်းလေးတွေအား လှည့်လျက် __ ငါလေးမှာ အဲ့လိုလုပ်ဖို့တောင် အားမရှိတော့လို့ပေါ့ ... အဖျားက အရမ်းပျင်းတယ်ဆိုတာ သူမ သိပေမယ့်လည်း ဆေးရုံသို့ ချက်ချင်း မသွားနိုင်ခဲ့ပေ။
သူမရဲ့ ခန္ဓာကိုယ်အသစ်ဟာ ဒီလိုမျိုး စိတ်ညစ်စေရသည်ဟူသည့်အကြောင်းကို တွေးနေမိတာ ဖြစ်သည်။ အရင်ဘဝတွင် ဖျားခဲ့တုန်းကဆိုလျှင် အိပ်လိုက်တာနှင့်တင်ကို တစ်ဝက်လောက် သက်သာသွားတာပင် ဖြစ်လေ၏။
ချမ်းသာတဲ့ကလေးတွေမှာ သဘာဝအလျောက်ကို အားနည်းသော ခန္ဓာကိုယ်တွေ ရှိကြတာဟူ၍သာ နိဂုံးချုပ် သုံးသပ်မိလေတော့သည်။
သူမ လုံးဝအရှင်း မသက်သာသေးတာကို သူနာပြုက သတိထားမိသဖြင့် သူမကို ထပ်ပြီး သတိပေးလိုက်သည် "အခုချိန်မှာ ရှင် တစ်ယောက်ထဲနေလို့ မသင့်တော်ဘူး ... မိဘတွေကို ဖုန်းခေါ်ပြီး ဒီကို လာခိုင်းလိုက်ပါ"
ချင်းစုယွဲ့က မခေါ်ချင်ပေ။ သူတို့က ရှန်ကျင်းမြို့တွင် ရှိနေသည့်အပြင် သူမအတွက်လည်း မစိုးရိမ်စေလိုခြင်းပင်။
သူနာပြုမှာ သူမရဲ့လူနာလေး၏ စိတ်မပါ တွန့်ဆုတ်နေသော အကြည့်အား မြင်လိုက်ရ၍ မေးလိုက်ဖို့ ဆုံးဖြတ်ပြီးနောက် "ရှင့်မိဘတွေက ဒီမှာ မရှိကြဘူးလား?"
သူနာပြုက သူမကို တစ်ကယ် နားလည်သည်ဟု ချင်းစုယွဲ့က ထင်မိသဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ရှင့်မှာ ချစ်သူရှိလား? ရှိရင် သူ့ကို ခေါ်လိုက်လေ ဒါမှမဟုတ်ရင် အတန်းဖော်ဖြစ်ဖြစ်" သူနာပြုက ဆက်ပြောနေသည်။
"ကျေးဇူးတင်ပါတယ်" သူနာပြု ဆက်မပြောတော့ဖို့အတွက် ချင်းစုယွဲ့က ပြန်ဖြေလိုက်ရ၏။