.. ၄၈ ..
20.5K 2.3K 71
《Zawgyi》
အပိုင်း - ၄၈
[မာမား၏ ပါဝင်စွက်ဖက်ရခြင်း - ၂]
ချန်းစီနျန်မှာ ဝမ်ယဉ်းလင်က သူ့အား ဖုန်းချသွားပြီးနောက်တွင် ဖုန်းကို ဖျတ်ခနဲကြည့်လိုက်သည်။ သူ့မာမား သူ့ကို ဖုန်းခေါ်ချိန်တုန်းက သူ့ကို ဖုံးကွယ်ပြီး လုပ်ထားတာ တစ်ခုခုတော့ ရှိရမည်ဟု သူ ခံစားနေရသည်။
'Aမြို့? ဆေးရုံ? သူနှင့် ဝမ်ယဉ်းလင် နှစ်ယောက်လုံး သိတဲ့ တစ်ယောက်?'
သူခဏမျှ တွေးကြည့်ပြီး နောက်ဆုံးမှာ သူ့မာမား ဘယ်သူ့ကို ပြောချင်နေတာလဲဆိုတာ သဘောပေါက်သွားလေ၏။
သူက အနက်ရောင် ဆုံလည်ထိုင်ခုံကို မှီထိုင်နေသည်။ သူ့ဖုန်းကို တွေးဆဆဖြင့် ဖျတ်ခနဲ ရှပ်တိုက်သည့် အကြည့်တစ်ချက် ဖျတ်ခနဲ ရောက်သွားပြီးသည့်နောက်တွင်တော့ နာကျင်စွာဖြင့် အော်ပြောမိသည် "ဒါက မင်းလုပ်ခဲ့တာနဲ့ ထိုက်တန်တာကို ပြန်ခံစားရတာပဲလေ!"
ဝမ်ယဉ်းလင်မှာ ဖုန်းချပြီးနောက် ချန်းစီနျန် တစ်ခုခုလုပ်မည်ကို စောင့်စားနေမိသည်။ သူ ချက်ချင်း ငါ့ကို ဖုန်းပြန်ခေါ်မလား ဒါမှမဟုတ် ဘာတွေဖြစ်နေမှန်း သိချင်လို့ ငါ့ဆီကို လူကိုယ်တိုင် ရောက်လာမှာလား?
ဒါပေမယ့် သူမကို စိတ်ပျက်စေတာကတော့ အတော် ကြာသည့်တိုင်အောင် ချန်းစီနျန်ဖက်က ဘာမှ မပြုမူသေးတာကိုပင် ဖြစ်သည်။
ဝမ်ယဉ်းလင်က အလျှင်အမြန်ပင် သူ့ကို နောက်တစ်ခါ ဖုန်းထပ်ခေါ်လိုက်ပြီးနောက် "မကောင်းတော့ဘူး! ဆရာဝန်က ပြောတယ် ချင်းစုယွဲ့ နေမကောင်းဖြစ်တာက အရင်ရောဂါဟောင်း ပြန်ထလို့တဲ့ ... သူဖျားနာတာ ပိုပိုပြီး ဆိုးလာမှာ မာမား စိုးရိမ်လိုက်တာ သားရယ်"
ချန်းစီနျန်က ပျင်းတိပျင်းရွဲ ပြန်ဖြေလိုက်သည် "မာမားက သူနဲ့ အဲဒီမှာရှိနေတာ မဟုတ်ဘူးလား? သူ ဒီလောက်တောင် အရမ်းသနားဖို့ ကောင်းနေတာတောင်မှ မာမားက တကယ်ကြီး သူ့ကို တစ်ယောက်ထဲ ချန်ထားခဲ့တာလား?"
အစည်းအဝေးတက်ပြီးသည့်နောက်တွင် ချန်းစီနျန်ဟာ နောက်ဆုံးတော့ သူ့စိတ်သူ ငြိမ်သွားအောင် ထိန်းနိုင်ခဲ့ပြီ ဖြစ်၏။ မနက်က ဝမ်ယဉ်းလင်၏ ဖုန်းခေါ်ဆိုမှုမှာ သူ့ကို ကစားဖို့ရန်အတွက် လှည့်စားမှုတစ်ခု ဖြစ်နိုင်လေသည်။