.. ၄၉ ..
20.2K 2.3K 66
《Zawgyi》
အပိုင်း - ၄၉ [အိပ်မက်ဆိုး]
သူမ ထိုညတွင် အလွန်စိတ်ဖိစီးပြီး ထိတ်လန့်ကြောက်ရွံ့ခဲ့ရသဖြင့် အိပ်ပျော်သွားသောအခါတွင် ချန်းမိသားစုနှင့် ဝမ်ယဉ်းလင်ကို အိပ်မက်မက်တော့သည်။
ဝမ်ယဉ်းလင်က သူမကို ဆူပူကြိမ်းမောင်းနေသည်ဟု အိပ်မက်မက်ခဲ့သည်။ သူမမှာ ချန်းမိသားစုတွင် အလုပ်လုပ်နေရသည့် အစေခံဖြစ်နေလျက် ဝမ်ယဉ်းလင်က သူမအနားတွင် အမိန့်ပေးနေခဲ့လေ၏။
ထို့နောက် မြင်ကွင်းမှာ တစ်ဖန်ပြောင်းလဲသွားပြန်ပြီးနောက် သူမမှာ ချန်းမိသားစုအိမ်တော်၏ ဝင်ပေါက်ရှေ့၌ ဒူးထောက်လို့နေသည်။ တင်းကျပ်စွာ စေ့ပိတ်ထားသော ရွှေရောင်အဝင်တံခါးကြီးကို မျက်နှာမူလျက် သူမမှာ ချန်းစီနျန်၏ အမည်အား မျက်ရည်သွင်သွင်စီးလျက် အော်နေပြီး သူမရဲ့ ချင်းမိသားစုကိုတော့ ခွင့်လွှတ်သက်ညှာပေးပါရန် အနူးအညွတ် တောင်းပန်ကာ ထပ်ခါထပ်ခါ ဝပ်တွားခယ နေလေ၏။
မှောင်မည်းနေသော အခန်းထဲတွင် နံဘေးရှိ ယိမ်းထိုးနေသော ခန်းစီးလိုက်ကာများကြားမှ ရံဖန်ရံခါ ဖြာကျနေသော လရောင် ပြောက်တိပြောက်ကျားမှလွဲ၍ အခြားသော အလင်းရောင် မရှိပေ။ တိတ်ဆိတ်ငြိမ်သက်နေသော အခန်းကျဉ်းထဲတွင် ဆေးရုံရှိ ပိုးသတ်ဆေးနံ့ကိုသာလျှင် ရှင်းရှင်းလင်းလင်း ထူးထူးခြားခြား ရနေသည်။
ချန်းစီနျန်မှာ အလုပ်သွားတုန်းက အဝတ်အစားပင် မလဲရသေးပဲ သူမရှိရာ ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး ဒီကို အပြေးအလွှား လာခဲ့ရသဖြင့် သူ့အသွင်အပြင်မှာ မလန်းဆန်းပဲ နွမ်းကြေနေသလိုပင်။ ချန်းစီနျန်က ကုတင်ထက်တွင် ရှိနေသည့် သတိမရှိနေသောသူအား အမူအယာမဲ့စွာ ငုံ့ကြည့်လိုက်သည်။
ချင်းစုယွဲ့ကို ကြည့်ရတာ သက်တောင့်သက်သာ ဖြစ်မနေတာကို ချန်းစီနျန် မြင်လိုက်ရသဖြင့် သူမအနားသို့ ငုံ့ကိုင်းလိုက်ပြီး သူ့လက်ကိုဆန့်ကာ နဖူးထက်ရှိ အပူချိန်ကို စမ်းကြည့်လိုက်၏။ သို့သော်လည်း သူ့လက်က သူမအား မထိတွေ့ရသေးခင်မှာပဲ သူမက "မဟုတ်ဘူး! မဟုတ်ဘူး! ချန်းစီနျန် ... ကျွန်မ ရှင့်ကို အနူးအညွတ်တောင်းပန်ပါတယ်နော် ... ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ ... "