.. ၅၃ ..
20K 2.2K 50
《Zawgyi》
အပိုင်း - ၅၃
[သူမကို ကာကွယ်ရန်]
ထိုအချိန်မှာ ပူပြင်းလှသော နွေရာသီ နေ့တစ်နေ့ရဲ့ မနက်ဆယ်နာရီပင် ဖြစ်လေရာ ချင်းစုယွဲ့က နဂိုကမှ ကားဘေးတွင် မိနစ်အနည်းငယ်လောက် မတ်တပ်ရပ်နေရရင်း ချွေးတွေပျံနေခဲ့တာ ဖြစ်၏။ နေမင်းထံမှ လောင်မြိုက်လုနီးပါး အပူတွေကို သူမ ခံစားလို့ရနေတာတောင်မှ တစ်ချို့အကြောင်းအရင်းတွေကြောင့် လေထုမှာ အေးစက်လို့လာလျက် သူမလက်တွေပင် တောင့်ခဲလုနီးပါး ခံစားလိုက်ရပေသည်။
ချင်းစုယွဲ့ရဲ့ စူးရှသည့် အကြည့်တွေက ချန်းစီနျန်အား အသေးစိတ် နီးကပ်စွာ စိုက်ကြည့်လိုက်သည်။ သူ စိတ်မထိန်းနိုင်ပဲ သူမကို အန္တရာယ်ပြုမည်ကို ချင်းစုယွဲ့ ကြောက်ရွံ့လို့နေမိ၏။
"မေးဖို့ မလိုဘူး"လို့ သူ ပြောလိုက်တုန်းကဆို အံတင်းတင်းစေ့ကြိတ်လိုက်တာကို သူမ သေသေချာချာကို မြင်လိုက်ရပြီး သူ စိတ်ဆိုးနေတာကိုပါ ခံစားသိရှိနေမိသည်။
သူ ဘာလို့စိတ်ဆိုးဒေါသထွက်နေရတာလဲဆိုတာကို ချင်းစုယွဲ့ မသိနိုင်စွမ်းပေ။ သူ ဘာလို့ အမျက်ဒေါသ ဖြစ်နေလဲဆိုတာ အဖြေရှာဖို့ ကြိုးစားနေရင်း နောက်ဆုံးမှာတော့ သူမ အမျိုးသမီးဇာတ်လိုက်မရဲ့ ဖြစ်တည်မှုကို ရုတ်တရက် ပြောမိလိုက်ခြင်းကြောင့်ပဲ ဖြစ်ရမည်ဟု နောက်ဆုံး တွေးမိလေတော့သည်။
ဝတ္ထုထဲမှာဆိုလျှင် ချန်းစီနျန်က ဇာတ်လိုက်မအား ကာကွယ်ဖို့ရန်အတွက် သူမရဲ့ တည်ရှိမှုအား ချန်းမိသားစုရဲ့ အကြီးအကဲတွေထံမှ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့လေ၏။
ချင်းစုယွဲ့က ဒီအကြောင်းကို တစိမ့်စိမ့် ဆက်လက်ပြီး တွေးဆကြည့်လိုက်တော့ သူက ဇာတ်လိုက်မကို သူသတ်မှတ်ထားတဲ့ ငွေကြေးစံနှုန်းတွေ ပြည့်မှီကျော်လွန်သွားတာ သေချာတော့မှ စိတ်ချလက်ချ ထုတ်ပြမိတ်ဆက်ခဲ့တာပင် ဖြစ်သည်။
ချင်းစုယွဲ့က ချန်းစီနျန်အား မျက်ဝန်းမှ အကြည့်မလွှဲဖယ်ပဲ စိုက်ကြည့်လို့နေသည်။ သူ ဝမ်ယဉ်းလင်နံဘေးသို့ အလိုမကျသည့်မျက်နှာ မှုန်ကုပ်ကုပ်ဖြင့် လျှောက်လှမ်းသွားတာကို သူမ မြင်တွေ့လိုက်၏။ သူ့မာမားကို ပြန်ဖို့အတွက် ကားမောင်းပို့ပေးရမလားဟု မေးနေတာပင် ဖြစ်သည်။