.. ၅၄ ..
20.3K 2.3K 31
《Zawgyi》
အပိုင်း - ၅၄
[စွန့်စားလွန်းသည့် စီးပွားရေး]
ချင်းကွမ်းချန်က လက်မခံပေ "တစ်ကယ်လို့ သူက ညီမလေးကို သဘောမကျဘူးဆိုရင်တောင် သတ်ဖြတ်ရလောက်တဲ့အထိတော့ သဘောထားမသေးသိမ်လောက်ပါဘူး ... ပြီးတော့ ညီမလေးရဲ့နောက်မှာ ချင်းမိသားစုတစ်ခုလုံး ရှိတာကို မေ့နေတာလား?"
ချင်းစုယွဲ့ဟာ ချန်းစီနျန်က လက်ချောင်းလေး တစ်ချောင်းလောက်ကို အလွယ်တကူ လှုပ်ရှားလိုက်ရုံနှင့် ချင်းမိသားစုမှာ မခိုင်မာသည့် အဆောက်အအုံကြီးတစ်ခုနှယ် ဘယ်လိုမျိုး ပြိုလဲပျက်စီးသွားခဲ့လဲဆိုတာကိုလည်း မမေ့ခဲ့ပေ။
သူမက ချင်းကွမ်းချန်အား အရာအားလုံးကို ဘယ်လိုရှင်းပြရမလဲ မသိတော့သဖြင့် "တစ်ခါတလေကျရင်  အရံအစီအစဉ် ရှိထားတာက ပိုကောင်းတယ်လေ"
ချင်းကွမ်းချန်က သူမကို အလေးအနက် စိုက်ကြည့်ပြီး ခဏလောက်နေတော့ "ဒီတစ်ခေါက် ညီမလေးဖျားရတာက စိုးရိမ်ပူပန်လွန်းအားကြီးလွန်းလို့လို့ ကိုကိုထင်တာပဲ ... ဘာမှ မဖြစ်သေးခင် အများကြီး ကြိုတွေးထားနဲ့ ... ဘာပဲ ခံစားရ ခံစားရ အားလုံးကို ပြောင်းပြန် ပြောင်းလဲပစ်ရမှာ"
ချင်းကွမ်းချန်မှာ သူမအား သူ့ညီမလေး အရင်းကောဟုတ်ရဲ့လားလို့ တခါတရံ သံသယဝင်မိသည်။ ဒါပေမယ့် သူမပုံစံနဲ့ အသွင်အပြင်အရ သူမမှလွဲလို့ ဘယ်သူဖြစ်ရအုန်းမှာလဲ?
ချင်းစုယွဲ့က မတတ်သာသည့်ဟန်ဖြင့် ပြန်ပြောလိုက်သည် "ညီမလေးလည်း အတွေးလွန်တာဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်"
သူမ သက်ဝင်လှုပ်ရှားခြင်း အလျဉ်း မရှိတော့တာကို ချင်းကွမ်းချန် တွေ့လိုက်ရတော့ တစ်စုံတစ်ခုကို တွေးမိသွားပြီးတော့ "ညီမလေး ဝမ်ယဉ်းလင်ကို ပြောခဲ့တာက အမှန်ပဲလား?"
"ညီမလေး ဘာပြောခဲ့တာလဲ?" ချင်းစုယွဲ့က သူ ဘာအကြောင်းကို ပြောနေလဲဆိုတာကို မသိပေ။
ချင်းကွမ်းချန်က သူမကို စိုက်ကြည့်ရင်း ပျင်းတိပျင်းရွဲ မေးလိုက်သည် "ချန်းစီနျန်က တစ်ယောက်ယောက်ကို သဘောကျနေတာလား?"