Amnesia [ Unicode ]

123 15 0
                                    


နှိုးစက်သံက တတီတီမြည်သံကြောင့် အိပ်နေရာကနေလန့်နိုးလာသည်။

မျက်လုံးတွေကိုပွတ်သပ်ရင်းဘေးဘီဝဲကြည့်တော့ ပြတင်းပေါက်ကိုကာထားတဲ့လိုက်ကာကြားကနေ အလင်းခပ်ဖျော့ဖျော့ကိုမြင်ရသည်။ မိုးကောင်းကောင်းလင်းသေးပုံမပေါ်။

6:00 ပဲ။ ထူးထူးဆန်းဆန်းဒီနေ့တော့ပထမအကြိမ်မြောက် alarm နှင့်ပင်နိုးလာသည်လေ။ အရင်ကဆို alarm 3 ခါမြည်ပြီးမှနိုးနေကျမို့ ဘယ်တုန်းကမှ alarm ကိုတစ်ခေါက်ထဲမပေးရဲခဲ့။
ဒီနေ့က အိပ်မက်တွေလည်းမက်သည်။ ဘာမက်လည်းဆိုတာပြန်တွေးကြည့်တော့လည်း ဘာမှမမှတ်မိ။ ဒါပေမယ့်သေချာသည်ကတော့ အရေးကြီးတာတစ်စုံတစ်ခု။

ကုတင်ပေါ်ကမဆင်းသေးဘဲငူငူကြီးသာထိုင်နေမိသည်။ ဘာမှလုပ်စရာမှမရှိဘဲ။ စောလည်းစောနေသေးသည်။ စနေနေ့ပိတ်ရက်လည်းဖြစ်နေ၍။

သူ့ခေါင်းထဲကိုမဖိတ်ခေါ်ပဲဝင်လာသည့်အတွေးအချို့တော့ရှိသည်။ မယ်မယ်ရရရယ်တော့မဟုတ်။မနက်စာဘာစားရမလဲဆိုတာမျိုး။ လိုက်ကာတွေအသစ်လဲရင်ကောင်းမလားဆိုတာမျိုး။

ဆံပင်ဖြူတွေကိုလက်ချောင်းရှည်တွေနဲ့ထိုးဖွလိုက်ရင်း ကုတင်ပေါ်ကခပ်မြန်မြန်ဆင်းရန်လုပ်သည်။
ဘာအလုပ်မှမရှိဘူးဆိုပြီး အားသလိုနေနေလို့မှမဖြစ်ပဲ။

°'•~•´°

Cereal တွေကိုခွက်ထဲထည့်ပြီးမှ ရေခဲသေတ္တာဖွင့်ကြည့်တော့ နွားနို့ကကုန်နေသည်။

" ဟာ…သေရော "

နဖူးကိုလက်နဲ့အုပ်ရင်းဘယ်သူ့ကိုကျိန်ဆဲရမှန်းမသိဖြစ်သွားရသည်အထိ။ မနေ့ကပဲ mart သွားခဲ့တာလေ။ မနက်တိုင်းလိုအပ်ချက်ဖြစ်တဲ့ နွားနို့ကုန်နေတာကိုမေ့ခဲ့ရသလား။ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းသာ။ ကုတ်အင်္ကျ ီနှင့် ပိုက်ဆံအိတ်ကိုယူရန်အခန်းထဲဝင်သွားခဲ့လိုက်သည်။

ကောင်းပါ့။ မနက်စာတောင်မစားရသေးဘဲ အပြင်ထွက်ရတော့မယ်။ အခန်းထဲကပြန်ထွက်ဖို့အလုပ် ဖုန်းကရုတ်တရတ်ထမြည်သည်။

ပေါ်လာသည့်နာမည်က Song Hyeongjun.

" အင်း hyeongjun ပြော "

Amnesia {Hwangmini}Where stories live. Discover now