၄၅

11.5K 1.3K 238
                                    

ဒါဟာ နောက်ဆုံးနေ့ ။

အရင်နှစ်ရဲ့ နှစ်တစ်ဝက် ကျော်ကို ဒီဇာတ်ကားအတွက်သူတို့တွေ ကြိုးပမ်း ခဲ့ရတယ် ။ကိုင်းကျွန်းမှီ ..ကျွန်းကိုင်းမှီ ။ ဖူးစာရေစက်ဟာ သည်မှာဆုံတယ် ။

တွယ်တာခဲ့ရသည့် စက္ကန့်တွေထဲ သိသာတဲ့မေတ္တာတွေရဲ့ မြစ်ဖျားခံရာ ဟာ သည်ကာလ ။

ပြင်ဆင်ထားတဲ့ စင်ကို ကြည့်ပြီး သူတို့တွေတိတ်ဆိတ်နေမိကြတယ် ။ ကျော့ရှင်းတဲ့ ဟန်ကွမ်းကျွင်းနဲ့ နွေးထွေးတဲ့ ဝေ့ရင်းဟာ စင်အကာ LED Screen ပေါ်မှာ ကြွကြွရွရွ ။

ဒီဝတ်ရုံ ခြုံခဲ့ရတဲ့ကာလတွေဟာ သက်တောင့်သက်သာမရှိပေမဲ့နွေးထွေးခဲ့တယ် ။

"ငါတို့တကယ်နှုတ်ဆက်ရတော့မှာပဲ "

"ကျွန်တော် ကျန့်ကောဆီက ...လန်ကျန့် လို့ ယောင်ခေါ်တာလေး မကြားနိုင်တော့ဘူးပဲ "

"မင်းသူ့ကို ချစ်တာငါသိပါတယ် "

"အင်း ...ကျွန်တော်သူ့ကို သဘောကျတယ် "

ကောင်းကင်ရောင်ဖျော့ဖျော့ ဝတ်စုံ ၊ နှင်းဆမ်း လရောင်ဖြာတဲ့မျက်နှာတော် နဲ့ ဟန်ကွမ်းကျွင်းဟာ ရီပေါ် ဘဝအတွက်ကြီးမားတဲ့ သံသရာ တစ်ကွေ့ ။
ရီပေါ်ရဲ့ ဖူးစားကြိုးနီနီဟာ ပီချန် အသရေ ကြောင့် တောက်ပလာခဲ့လေသလား ။

"လန်ဝမ့်ကျီး ...ခင်ဗျားနဲ့တွေ့ဆုံရတာ ကျွန်တော့်ကံကောင်းခြင်းပါပဲ "

ရီပေါ်ဟာ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ခေါင်းကိုငုံ့ထားလိုက်တယ် ။

နောက်ဆုံးနေ့မှာ ရှောင်းကျန့် ဝိဥာဉ်ကိုပါ မြှုပ်နှံဖျော်ဖြေနေခဲ့တယ် ။ အတွင်းဝတ်ရုံနီနီ ဝတ်ဆင်ခဲ့ရတဲ့ ဘဝတစ်ကွေ့မှာ လက်ခံရရှိခဲ့တဲ့ တစ်သက်စာ အဖိုးထိုက်ရတနာလေး ဝမ်ရီပေါ် ။
ရီပေါ်ဟာ ကွဲပြားတဲ့ သွင်ပြင် ၊ တူညီတဲ့ အပြုံးနဲ့ ရှောင်းကျန့်နံဘေးမှာ ခိုင်ခိုင်မြဲမြဲရပ်နေခဲ့တယ် ။

"ကျွန်တော်က ထာဝရပြောင်းလဲသွားမှာ မဟုတ်ဘူး "

.......

ပွဲ အစီအစဉ်အရ သူတို့တွေ မိမိတို့ ရဲ့ ကာရိုက်တာ ပြန်လည် အပ်နှံရမယ် ။ ဒီနေရာမှာ နှုတ်ဆက်မယ် ။ ဒီနေရာမှာပဲ ...ကျွန်တော်တို့ခနတာ ခိုလှုံ ခဲ့တဲ့ ဝမ်ရှန်း ကို ထားခဲ့ရတော့မယ် ။

Don't listen to the words I say ;Listen my heartbeatWhere stories live. Discover now