.. ၅၇ ..
20.5K 2K 27
《Zawgyi》
အပိုင်း - ၅၇
[အောင်သွယ်ခြင်း - ၁]
ချန်းစီနျန် ဖုန်းကိုင်ပြီးသည့်နောက်မှာတော့ ကျွမ်ကျူး၏ စိတ်အားထက်သန်နေသော အသံအား ကြားလိုက်ရသည် "ပေ့ဇီက ဒီနေ့ပြန်လာမှာ ငါတို့တွေ သူ့ကိုကြိုဆိုတဲ့အနေနဲ့ စားသောက်ပွဲကြီး စီစဉ်နေတာ မင်း ခဏနေကျရင် လာခဲ့ပါလား?"
ချန်းစီနျန်က တွေးကြည့်ပြီးတော့ မေးလိုက်သည် "ဘယ်အချိန်လဲ?"
"ဒီနေ့ည ရှစ်နာရီ"
"ငါလာခဲ့မယ်"
ညစာစားဖို့အတွက် အချိန်လိုသေးတာကို ချန်းစီနျန် တွေးကြည့်မိတော့ သူ့နဂိုအိမ်ဟောင်းကို ပြန်သွားလိုက်သည်။ သူ လုပ်ငန်း အစီအစဉ်တွေနှင့် အလုပ်များနေသဖြင့် သူ့အဘိုးနှင့်တွေ့ဖို့အတွက် မပြန်ရတာပင် လပေါင်းများစွာ ကြာနေပြီဖြစ်၏။
တစ်ကယ့် အကြောင်းအရင်းကတော့ အဘိုးက သူ့အား လိုင်မိသားစုနှင့်တွေ့ဆုံဖို့ အားထုတ်ကြိုးပမ်းခဲ့သောကြောင့်ပင် ဖြစ်သည်။ သူအခုထိ ခွင့်လွှတ်ဖို့ အစီအစဉ်မရှိသေးပေ။ ဝမ်ယဉ်းလင်က သူ့ကို အိမ်ပြန်လာပြီး ညစာစားကြဖို့ အကြိမ်ပေါင်းများစွာ ခေါ်တာတောင်မှ သူ ငြင်းပယ်ခဲ့တာပင် ဖြစ်သည်။
ဝမ်ယဉ်းလင်က သူမသာ ချန်းစီနျန်အား မသိကျိုးကျွံ လျစ်လျူပြုခဲ့လျှင် သူက နောင်အနာဂတ်တွင် ပိုလို့တောင် အလေးအနက် မထားတော့လေမှာဖြစ်သည်ဟု သူမ ထင်ခဲ့သည်။
ချန်းစီနျန်၏ကား အိမ်ရှေ့မှ ဝင်ရောက်လာချင်း အခြား ကားအဖြူတစ်စီးကို သူ မြင်လိုက်ရသည်။ ကားပုံစံမှာ မိန်းကလေးမောင်းသည့် ကားပုံစံမျိုးဖြစ်တာကတော့ အရှင်းကြီးပင်။
ချန်းစီနျန် .. သူ့ပါပါးနှင့် သူ့အဘိုးတို့မှာ သူတို့မျိုးဆက်အသီးသီး၏ တစ်ဦးတည်းသော ကလေးများ ဖြစ်ကြသည်။ သူ့တွင် ဘယ်မိန်းကလေးဆွေမျိုးမှ မရှိချေ။ သို့ဖြစ်စေကာမူ အနှီကားပိုင်ရှင်မှာ အမျိုးသမီးတစ်ယောက်ဆိုတာကတော့ ဖြစ်နိုင်ချေ အရှိဆုံးပင်။
အိမ်ထဲဝင်လာစဉ်တွင် သူ့စိတ်ထဲတွင်တော့ ဧည့်သည်က မည်သူဖြစ်ကြောင်း ခန့်မှန်းချက်တွေဖြင့်သာ ပြည့်လို့နေသည်။ သူ ဧည့်ခန်းသို့ မရောက်သေးခင်မှာပဲ ဥယျာဉ်ထဲကနေ သူရှိရာဘက်သို့ လမ်းလျှောက်လာနေတဲ့ အန်တီစွန်းအား တွေ့လိုက်ရသည်။ "အန်တီစွန်း ... ဘိုးဆီ ဘယ်သူ လာလည်နေတာလဲ?" လို့ သူက မေးလိုက်၏။