.. ၅၈ ..
20.4K 2.5K 140
《Zawgyi》
အပိုင်း - ၅၈ [အောင်သွယ်ခြင်း - ၂]
"စီနျန်! စောင့်ပါအုန်း!"
ချန်းစီနျန်က သူ့နာမည်အား အရမ်းရင်းရင်းနှီးနှီး ခေါ်လိုက်သည်ကို ကြားချိန်၌ သူ့လက်ကို ကားတံခါးကနေ ပြန်ရုတ်လိုက်ရင်း ပြောလိုက်သည် "ကိုယ်တို့က အဲ့လောက် မရင်းနှီးကြဘူး ... မစ္စလိုင် ကျွန်တော့်ကို ရင်းနှီးသလိုခေါ်ဖို့ မလိုပါဘူး"
"ကျွန်မ အဲ့လိုခေါ်တာကို ရှင် မကြိုက်လို့လားဟင်?"
"မကြိုက်ဘူး"
သူမ ခံစားချက်တွေအား သူ့ရဲ့ လုံးလုံးလျားလျား လျစ်လျူရှုမှုကို ခံရပြီးနောက် လိုင်မိန်းကလေးမှာ သူ့ရှေ့တွင်ရပ်နေရင်းနဲ့ မျက်ဝန်းအနားသတ်တွေမှာ နီရဲတက်လာတာကို ခံစားမိနေလေသည်။ ဒီတစ်ယောက် ငိုမိမတတ် ဖြစ်တာကို နားလည်မိချိန်တွင် ချန်းစီနျန် ပြောနိုင်တာတစ်ခုကတော့ သူ လုံးဝကို စိတ်ဝင်စားခြင်း မရှိတာကိုပင် ဖြစ်လေသည်။ သူမ မျက်ဝန်းတွေ စိုစွတ်လို့လာသည့် မြင်ကွင်းမှာ သူ့အား ကားထဲသို့ဝင်၍ မောင်းထွက်သွားချင်စေမိတာသာ ဖြစ်၏။
သို့သော်လည်း သူ့ကိုအံ့ဩစေမိတာကတော့ လိုင်မိန်းကလေးမှာ သူ့ရင်ခွင်အတွင်းသို့ တိုးဝင်လာခြင်းပင် ဖြစ်သည်။ သူ အဝေးသို့ တွန်းပစ်လိုက်မှာကို သူမ စိုးရွံ့ကြောက်မိသဖြင့် သူ့ခါးတစ်ဝိုက်ကို သူမရဲ့လက်မောင်းတွေဖြင့် တတ်နိုင်သမျှ ဖက်တွယ်ထားမိလေသည်။
ချန်းစီနျန်က လူရိုသေရှင်ရိုသေ လေးစားခံရသည့် မိသားစုတစ်ခုရဲ့ သမီးက ဒီလို အလွန်အမင်း မနှစ်မြို့ဖွယ် လုပ်ရပ်မျိုးကို ပြုမူလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
"လွှတ်လိုက်" ချန်းစီနျန်က မျက်နှာသုန်မှုန်လျက် သူမရဲ့ ခိုင်မြဲစွာ ဆုပ်ကိုင်ထားမှုအား ဖယ်ချလိုက်ဖို့ ချီတုံချတုံ ဖြစ်နေသည်။ ထိုမိန်းမရဲ့ အသားကို သူ့လက်တွေနှင့် ထိကိုင်ပြီး ဖယ်ချရမယ်ဆိုတဲ့ အတွေးက သူ့အား တဆတ်ဆတ်တုန်စေသည်။ သူ့လက်တွေကို မထိမိ မခံစားစေလိုပေ။