12.

7K 583 13
                                    

Opposite
Ep_12

ကန်တင်းကနေ M ဆောင်ကို လာရင်း ထိုက်ထိုက်မျက်နှာကို အကဲခတ် ကြည့်မိသည် ။ ထူးထူးခြားခြား ပြောင်းလဲတာတော့မရှိ ။

"ထိုက်ထိုက် မင်း ကောင်းရဲ့ အချစ်ကို ဘယ်လိုမြင်လဲ"
"ဘာကိုလဲ "
"ဟို ယောက်ျားချင်းကြီးလေ "
"အရင်ကလိုဆိုရင်တော့ ထူးဆန်းနေမှာ အမှန်ဘဲ ဒါပေမယ့် မေနဲ့ ပေါင်းမိတော့မှတော့ ဒါမျိုးကိစ္စတွေက  ထွေထွေထူးထူးမဟုတ်တော့ပါဘူး "
"မင်းလက်ခံတယ်ပေါ့ "
"လက်မခံဘူး ကောင်းချစ်မိတာက ဟိုအကောင် ဖြစ်နေလို့ "

လက်မခံဘူးဆိုလို့ လန့်သွားပေမယ့် ဇွဲကြောင့် ဆိုတော့ နည်းနည်းပျော်သွားမိသည် ။

"ဟဟ မင်း ဇွဲ ကို အဲ့လောက်ထိ ကြည့်မရဘူးလား "
"ကြည့်ရစရာလားအဲ့ကောင်က မင်းကို ပြသနာရှာနေတာကို "
"မင်းထင်သလောက်လည်း မဆိုးပါဘူး သူက ငါစိတ်တိုအောင် အမြဲလာလာ ရန်စတတ်တာက လွဲလို့ "
"အဲ့ကောင် စမြင်ကတည်းကကို တစ်စက်လေးမှ ကြည့်မရဘူး "

မျက်နှာမဲ့ရွဲ့ကာ ပြောနေသော ထိုကောင်လေးကို အသည်းယားလာသည် ။
မျက်တောင်ကော့လေးတွေက မိန်းကလေးတွေ မျက်တောင်ထက် ရှည်နေသည် ။ ဘဲဥပုံမျက်နှာလေးက ချစ်ဖို့ကောင်းနေသည့်အပြင် တစ်ချက်ချက် ရယ်လိုက်ရင် နှုတ်ခမ်းပါးလေးကြားက သွားဖြူဖြူလေးတွေပေါ်လာကာ အင်မတန်ချစ်ဖို့ကောင်းသည် ။

"ဟာ ကိုထိုက် လာ စောင့်နေတာ "
"ညီမတို့ အကတိုက်ပြီးပြီလား "
"ဟင့်အင်း ခုမှ ဟောခန်းကို ပြင်ဆင်နေကြတုန်း "
"ဩော် ကိုယ်ဝိုင်းကူပေးမလို့ "
"ဟုတ် ကိုထိုက် "

ဟောခန်းထဲတောင် မဝင်ရသေးဘူး ဂျုနီယာမလေးတစ်သိုက်ဖြင့် ပါသွားသည် ။
ကျွန်တော့်မှာတော့ တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေသည် ။
ခဏနေတော့လည်း ထိုက်ထိုက်အနား ကပ်ရမလားမှတ်ပါတယ် နည်းနည်းလေးတောင်မရ ။

ဘေးနားမှာ ဂျူနီယာတွေရော စီနီယာတွေရော ဝိုင်းအုံနေပြီး သောက်ကလေးစုတ် မျက်ခွက်က ဖြီးနေသည်။ နဂိုကတည်းက တစ်ခါမှ မလာဘူးတာမို့ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိ ။

Opposite Where stories live. Discover now