4

129 13 0
                                    

"Jaejoong-ah.."

တံခါးဖွင့်လိုက်ရင်း နှုတ်ဆက်စကားပြောရုံရှိသေးသည်။ သူ့ဆီဝဲပျံလာသော တူတစ်ချောင်းကို မြင်လိုက်ရသည်။ သူသာ အချိန်မီမရှောင်တိမ်းလိုက်နိုင်ရင် ထိုတူက သူ့ပုခုံးဆီမှာ စိုက်ဝင်သွားနိုင်ချေရှိသည်။

"မင်းတကယ်ပဲ လူတစ်ယောက်ကို မှောင်ခိုသွင်းလာခဲ့တာလား Jung Yunho..?!"

Yunho မျက်နှာမြင်ရုံနှင့် Jaejoong ဆီက ပေါက်ကွဲသံစဉ်တွေ ထွက်လာသည်။ ဆိုဖာတစ်လုံးပေါ်မှာထိုင်ရင်း လက်ချောင်းသွယ်တွေကြားမှာ စီးကရက်တစ်လိပ်ကို ညှပ်ထားသည်။ Yoochun က သူ့ဘေးမှာထိုင်နေပြီး ဖုန်းကိုပွတ်နေရင်း အေးအေးဆေးဆေးရှိနေဟန် ပေါ်သည်။

"မင်း ဘယ်လိုသိလဲ..?"

Yunho က Changmin ကို သူ့တိုက်ခန်းမှာ ဝင်ပို့ထားပြီးမှ Jaejoong ဆီ ထွက်လာခြင်းဖြစ်သည်။

"ငါ ဘယ်လိုသိလဲ ဟုတ်လား..? မင်း ငါ့ကိုလာနောက်နေတာလား ငတုံးကောင်..!!?"

Jaejoong ဒေါသထွက်နေသည်။ Yunho အံ့သြတာက အဲ့လောက်ဒေါသထွက်နေတာတောင် ဆိုဖာပေါ်ကနေ ခြေတစ်လှမ်းမချပဲ နေနေသေးတာကိုပင်။ ဒါပေမယ့်လည်း.. အနည်းဆုံးတော့ ပစ္စည်းတွေနဲ့ လှမ်းပေါက်နေသေးတာပဲ..။

"Junsu ပြောတာ....! သူကလဲ Masamune ဆီက သိတာတဲ့..."

Jaejoong က စီးကရက်ကို ချလိုက်ပြီး သူ့ရဲ့စကော့ခ်ျကို ပြန်သောက်နေသည်။

Yunho ခေါင်းညိတ်ပြလိုက်ပြီး အခန်းအလယ်မှာ မတ်တတ်ရပ်နေလိုက်သည်။ Jaejoong အရှေ့က ထိုင်ခုံလွတ်မှာ သူ ဝင်မထိုင်ရဲသေးပါ။

"သူ့ ပိုင်ရှင်က ငါတို့ကိုလာရှာရင် ဘယ်လိုလုပ်မလဲ Yunho-ah..? မင်း ငါတို့အလုပ်ကို အန္တရာယ် ဖြစ်စေချင်လို့လား...?!"

"Umm~~ အဲလိုဆိုလဲ ငါတို့သူ့ကို သတ်လိုက်လို့ရတာပဲလေ..."

Yunho က မျက်ခုံးပင့်ရင်း ပြန်ပြောသည်။

သူ ဆိုလိုတာက Changmin ရဲ့ ပိုင်ရှင်ဆိုသူကို ဖြစ်သည်။

"အဲလိုမဟုတ်ဘဲ..ငါက သူ့ကို သတ်မယ်ဆိုရင်ရော..!?"

Jaejoong က ခပ်ပြတ်ပြတ်ပြောသည်။

သူပြောတာက Changmin ကိုဖြစ်သည်။

စွန့်စားမယ့်အဖော်Where stories live. Discover now