.. ၅၉ ..
20.4K 2.2K 64
《Zawgyi》
အပိုင်း - ၅၉ [အကြင်နာ ကင်းမဲ့သော]
ရှီရှီက ချင်းစုယွဲ့ ဘယ်လောက်ကြာကြာ သွားတာလဲနှင့် ဘယ်အချိန်လောက်ပြန်လာမလဲဆိုတာကို တွေးဆနေမိသည်။ "ကောင်ပြီလေ ငါလုပ်စရာတွေ ရှိသေးတယ် ... ဒီလောက်ပဲနော် ဖုန်းချလိုက်ပြီ" ဟု ရွှင်မြူးစွာ ပြောလိုက်သည်။
လိုင်မိန်းကလေးမှာ ပြောစရာတွေ အများကြီး ကျန်နေသေးသော်လည်း ပြောခွင့်မသာတော့ပေ။ ငါ အပြေးအလွှားလုပ်မိသလိုကြီး ဖြစ်သွားတာကြောင့်လား? ဒါပေမယ့် ချန်းစီနျန်ရဲ့ သဘောထားအရ ငါက ဘာလို့ မဖြစ်နိုင်ရတာလဲ? သိပ်မကြာသေးခင်မှာငါသာ သူ့ကို မချိတ်နိုင်ခဲ့ရင် အတားအဆီး အနှောင့်အယှက်တွေ ပိုများလာလိမ့်မယ် ... နောင်အနာဂတ်ကျ ပိုပြီး ဂရုတစိုက်နဲ့ အစီအစဉ်ဆွဲမှ ရမယ်
ချန်းစီနျန် သူ့တိုက်ခန်းကို ပြန်ရောက်သောအခါတွင် သူစောနက ဝတ်ဆင်ထားခဲ့သော အဝတ်တို့အား ချက်ချင်းပဲ ချွတ်လိုက်သည်။ ရေချိုးခန်းထဲဝင်ပြီး မချွင်းမချန် စေ့စေ့စပ်စပ် ရေချိုးသန့်စင်ပြီး သူဝတ်ခဲ့သမျှ အရာအားလုံးကို အမှိုက်ပုံးထဲသို့ ချက်ချင်း ပစ်ထည့်လိုက်၏။
၎င်းတို့က သူ့အရေပြားကို မသက်မသာ ဖြစ်စေလှသည်။
ချန်းစီနျန် ပြန်တွေးလေ သူဆော့ကစားခံရသည်နဲ့တူတယ်ဟု ခံစားရလေလေ ဖြစ်သည်။ ပြီးတော့ သူ ပြန်မတုံ့ပြန် လက်စားမချေပဲ နေနိုင်မှာ မဟုတ်မှန်းလည်း သူ့ကိုယ်သူ သိလေ၏။
ချန်းစီနျန်ဟာ ဒီအကြောင်းကို ခဏလောက် ထပ်တွေးကြည့်လိုက်ပြီးနောက် ကျွမ်ကျူးကို ဖုန်းခေါ်လိုက်သည် "လိုင်လုပ်ငန်းစုက မင်းနဲ့ စီမံကိန်းတစ်ခု လုပ်နေတာမလား?"
"ဟုတ်တယ်ကွ ငါ စာချုပ်တောင်ချုပ်တော့မယ်" ကျွမ်ကျူးမှာ ဘာလို့ ချန်းစီနျန်က သူ့ကိုဖုန်းခေါ်ပြီး လိုင်မိသားစုအကြောင်းကို တဲ့တိုးမေးရတာလဲဆိုတာ သိချင်မိသည်။ သူ့စိတ်ထဲ ကျိန်းသေပေါက် မသင်္ကာစရာကောင်းတာကို ခံစားမိလာသဖြင့် "မင်းက လိုင်မိသားစုနဲ့ ရင်းနှီးတာလား?"
"မဟုတ်ဘူး ... ဒါပေမယ့် ငါတို့အရင်တုန်းက ဆွေးနွေးခဲ့တဲ့အတိုင်း ချန်းကုမ္ပဏီက ဒီစီမံကိန်းကို ယူမယ်" ဟု ချန်းစီနျန်က ပြန်ဖြေလိုက်သည်။