part8
3.1K 222 16
" ငါ.. ငါ... သူတို့ ကို ရင်မဆိုင်ရဲလို့......."
"ကျန့်ကျန်ရယ်.." ထိုသနားစရာ ကောင်းလေးကိုသာ တင်းတင်းဖက်ထားမိသည်။
" သူ ငါ့ကို တချိန်လုံး ညာနေခဲ့တာပေါ့
သူငါကို ချစ်တယ် ဆိုတာ အကုန် အလိမ်အညာတွေပေါ့
ဟဟ ငါမှာတော့ အဲ့ အလိမ်အညာ တွေကိုမသိဘဲ
အရမ်းချစ်နေမိခဲ့တာကွ..
သူငါ့ကို ကတိပေးထားတာလေ
ဘယ်တော့ မှ မခွဲဘူးတဲ့
အားလုံးအလိမ်တွေပဲ
ငါ သူလဲ ဒီနေ့လေးကို ငါ့လိုပဲ တန်ဖိုးထားစောင့်မျှော်နေမယ်
ရင်ခုန်စိလှုပ်ရှားနေမယ် ထင်ထားတာ
ငါဒီနေ့ သူကြိုက်တဲ့ ကိတ်မုန့်လေး ရောလုပ်ပေးထားတာ
ငါ က သူနဲ့ ဒီနေ့တရက် လုံး လည်မယ် လို့
အရူးလို စိတ်ကူးယဉ်နေခဲ့တာ
ကိုယ့်မျက်စိနဲ့ မြင်ခဲ့တာတောင် မဟုတ်ပါဘူးဆိုပီး
သူ ငါနောက်က လိုက် လာပီး ရှင်းပြမယ် လို
အရူးလိုမျှော်လင့်ထားတာ....
သူမဟုတ်ဘူးပြောရင်တောင်
မျက်စိ မှိတ်ပီး ယုံပေးမယ့် အရူးကောင် ပါ
ဒါတောင် သူလိုက်မလာပါဘူး...
သူမို့ လုပ်ရက်တယ်
ငါ ရင်တွေ အရမ်းပူလောင်နေတယ်
ငါ..  ငါ အသက် မရူနိုင် လောက်အောင် ရင်ထဲကနာတယ်
ဟင့် """""
ဆိုပီးရိုက်ကြီး တငင် ငို ချလိုက်တယ်
" ကျန့်ကျန့်ရယ် အဝငိုချလိုက် ပါ
သူမရှိပေမယ့် ငါရှိပါသေးတယ်ကွာ
မင်းကိုလုပ်ရက်တဲ့ကောင်အတွက် ခံစားမနေနဲ့
အားရအောင် ငို လိုက်ပါ ကွာ "
တော်တော်ကြာ ငိုပီး ကျန့်ကျန့်မှာ ထက် မျက်ရည်ကျဖို့ပင် အားမရှိတော့ ။
"ကျန်းချန်း ငါ အိမ်မပြန်ချင်ဘူး
ငါ တို့ လမ်းလျောက်ရအောင်နော်"
"နင်ဖြစ်ပါမလား ငါ ကျောပိုးပေးရမလား"
"ဟင့်အင့် ငါအဲ့ လောက်မပျော့ညံ့ချင်တော့ဘူး
ငါဟာငါ လျောက်မယ်"