.. ၆၀ ..
20.8K 2.2K 79
《Zawgyi》
အပိုင်း - ၆၀ [မော့ပေ]
ချန်းစီနျန်ရဲ့ ခပ်ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံသဘောတူလိုက်ခြင်းပင်ဖြစ်ပြီး သူက တစ်ယောက်ထဲပဲ ဆေးလိပ်သောက်နေ၏။
ဒီအခန်းက ချန်းစီနျန်အကြိုက် ဖြစ်ပေမယ့်လည်း ကျွမ်ကျူးရဲ့ ချမ်းသာကြွယ်ဝတဲ့ သူငယ်ချင်းတွေအတွက်တော့ ပြောစရာမရှိအောင်ပင် ဆိုးရွားလှလေသည်။ ချန်းစီနျန်သာ တစ်ညလုံး နေပါလျှင် သူတို့ရဲ့ပါတီလေးကတော့ စိတ်မချမ်းသာစရာကောင်းသည့် ထိုင်းမှိုင်းနေသော ဘုန်းတော်ကြီးတွေ စုဝေးပြည့်နှက်နေသည့်ပွဲပင် ဖြစ်ပေတော့မည်။ အထူးသဖြင့် ဘယ်မိန်းကလေး တစ်ယောက်တလေကိုမှ နေခွင့်မပြုထားခြင်းပင် ဖြစ်လေ၏။ သူတို့အကုန်လုံး တစ်ယောက်ချင်းစီတိုင်းမှာ ဧကန်မုချ သတိလစ်ချင်မိနေသည်။
ချန်းစီနျန်က ကျွမ်ကျူးကို ဖျတ်ခနဲကြည့်လိုက်ပြီးနောက် သေသပ်သားနားသည့် အပြုံးရေးရေးလေးမျှ လက်သွားသည် ... "မင်းတို့ကောင်တွေ မိန်းမတွေ မရှိပဲ အသက်မရှင်နိုင်ကြဘူးလား?"
အနှီချမ်းသာတဲ့ ကောင်လေးနှစ်ယောက်ကတော့ ကိုးရိုးကားယားနိုင်စွာ ရယ်မောလိုက်ပြီး ကျွမ်ကျူးကတော့ လှောင်ရယ်လုနီးပါး ဖြစ်သွားသည်။ "ငါ ဒီလောက်ထိတော့ မပြောချင်ပေမယ့် အကုန်လုံးပိတ်လှောင်ထားရင် ငါ့ခန္ဓာကိုယ်အတွက် မကောင်းဘူးကွ" အရိုသေတန်လှသည့် ပြန်ပြောလိုက်မှုအပြီးမှာ ကျွမ်ကျူးက ချန်းစီနျန်ဘက်လှည့်၍ စိတ်ကြီးဝင်စွာ ပြုံးပြလိုက်၏။ သူက စမ်းသပ်ကြည့်ဖို့ပဲ ရည်ရွယ်တာပေမယ့် သူ့အရှေ့ကလူရဲ့ မျက်ဝန်းတွေထဲမှ ဓားသွားတွေပစ်လွှတ်နေတာကို တွေ့မြင်လိုက်ရတော့ ဒီမှာတင် ရပ်လိုက်တော့ဖို့ သူ ဆုံးဖြတ်လိုက်သည်။ အဲဒီအစား ခေါင်းစဉ်ပြောင်းဖို့ သူ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားတော့၏။ "ဒါပေမယ့် ကိုယ့်လူ .. မင်း အစောကြီး ရောက်လာတတ်တာ ဘယ်လိုတောင် ရှားပါးလိုက်သလဲ? အဲဒီအကြောင်းအရင်းက ဘာများလဲကွ?"
"ဟုတ်တယ်ဟေ့! ငါတို့ကောင် မော့ပေကြီးကို ဘယ်လောက်တောင် ချီးကျူးဂုဏ်ပြုထိုက်လဲ ကြည့်စမ်းကွာ" သူငယ်ချင်းတွေထဲက တစ်ယောက်က မျက်နှာကို မော့ချီလျက် ပြောလေ၏။