.. ၆၁ ..
19.9K 2.2K 104
《Zawgyi》
အပိုင်း - ၆၁
[သူက မင်းအတွက် ဘယ်လိုလူမျိုးလဲ?]
မော့ပေက ကျွမ်ကျူး၏မေးခွန်းအတွက် ချန်းစီနျန်၏ အဖြေကို စောင့်မနေပဲ သူ့အစား ရွဲ့ပြောသည့်ဟန်ဖြင့် ဖြေပေးလိုက်သည် "သူပြောခဲ့တာက
မင်းက သူ့လူတဲ့"
ကျွမ်ကျူးက သတိလစ်မတတ်ဖြစ်သွားသည်။ ဘယ်တုန်းက ချန်းစီနျန်က ကောင်မလေး ရသွားတာတုန်းဟ?
မော့ပေက ချန်းစီနျန် ရှင်းပြသည်အထိ စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့ပြီး ချန်းစီနျန်၏ တဖျပ်ဖျက်ဝင်းလက်နေသော မျက်ဝန်းတွေထံမှ သူအဖြေကို သိနိုင်ပေလိမ့်မည်။ ချန်းစီနျန်ကမူ ခေါင်းတောင်မော့မကြည့်ပဲ မာကျောက်အပြားငယ်ကိုသာ အေးအေးဆေးဆေး စိမ်ပြေနပြေ နေရာချလိုက်ပြီးနောက် "မင်း သူ့ကို ကောင်းကောင်းသိတယ်ဆိုရင် ဘာလို့ သူ့ဆီကနေ ရှာမတွေ့ခဲ့တာလဲ?"
မော့ပေက သူ့နဂို အမူအယာ ပြန်ဖြစ်သွားပြီးနောက် ချန်းစီနျန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။
မော့ပေမှာ ရှန်ဝမ်းယန့်အပေါ် မြင်မြင်ချင်း စိတ်ဝင်စားခဲ့မိသည်။ သူမနှင့်ရင်းနှီးဖို့ အချိန်တို်င်း ကြိုးစားခဲ့ပြီး သူမအတွက် သူတတ်နိုင်သမျှ အရာအားလုံးကို ကူညီပေးခဲ့၏။ ဒါပေမယ့် သူမကို သူ့ခံစားချက်တွေအား ဝန်ခံခဲ့ချိန်မှာတော့ သူမက ဂရုဏာကင်းမဲ့စွာဖြင့် "ကျွန်မကို ဒီလိုပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟူ၍ ပြောခဲ့လေသည်။
"ဒါပေမယ့် ကျွန်မရဲ့နှလုံးသားကို အခြားတစ်ယောက်က ပိုင်ဆိုင်ပြီးသွားပြီ"
ထိုအချိန်တုန်းကတော့ မေ့ပေက သူမကို ဒါက ဆင်ခြေအဖြစ် သုံးလိုက်တယ်လို့ပဲ ထင်ခဲ့တာဖြစ်၏။ "မဖြစ်နိုင်ဘူး!" ဟု သူက အံ့အားတသင့် ပြောမိသည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ?!" ရှန်ဝမ်းယန့်က ခိုင်ခိုင်မာမာပဲ ပြန်ပြောခဲ့သည်။
"မင်းသာ အခြားတစ်ယောက်ကို အစထဲက ကြိုက်ပြီးသွားပြီဆိုရင် အဲ့ဒီလူနဲ့ စကားပြောတာကို ကိုယ်ဘာလို့ တစ်ခါမှ မမြင်ဖူးခဲ့ရတာလဲ? မင်း သူ့အကြောင်း တစ်ခါမှ မပြောခဲ့ဖူးဘူး"