.. ၆၃ ..
20K 2.2K 76
《Zawgyi》
အပိုင်း - ၆၃
[သွားရမလား မသွားရဘူးလား?]
ချန်းစီနျန်က မရွှင်မပျ ဖြစ်နေသဖြင့် ဒီကိစ္စကို ဖန်တီးသည့် အဓိကလက်သည် ပြဿနာကောင်နှစ်ကောင်သည်လည်း လွယ်ကူလိမ့်မည် မဟုတ်ပေ။ သူက မော်ရွှီယွမ်အား အလုပ်တွေဝန်ပိအောင် အလွန်အကျွံ လုပ်ခိုင်းလိုက်ပြီးမှ သူ့ဒေါသကိုသူထိန်းနိုင်တော့သည်။ ကျီယီအတွက်ကတော့ ကျောင်းအုပ်ကြီး အန်ကယ်ကျောင်းထံကို သူ စာတစ်ဆောင် လှမ်းပို့ထားပြီဖြစ်၏။ ချန်းစီနျန်က အန်ကယ်ကျောင်းအား သူ့ဂျူနီယာတွေကို လေ့ကျင့်ပျိုးထောင်ပေးဖို့အတွက် စာတွေ ပိုပိုပြီး သင်ကြားပေးသင့်ကြောင်းနှင့် ကျောင်းတွင်းလှုပ်ရှားမှုများစွာ လုပ်ခိုင်းဖို့ အကြံပြုထားခြင်းပင် ဖြစ်လေသည်။
ကျောင်းအုပ်ကြီးက သူ့အကြံပြုချက်မှာ တော်တော်လေး ကောင်းမွန်လှသည်ဟု တွေးထင်မိပြီး သူ ဘယ်လိုစာပေတွေနှင့် ကျောင်းတွင်းလှုပ်ရှားမှု အမျိုးအစားတွေကို စီစဉ်သင့်ကြောင်း မေးလိုက်၏။
ချန်းစီနျန်က သူ့လက်ချောင်းတွေကို လှုပ်လိုက်ပြီးတော့ အန်ကယ်ကျောင်း သင်ကြားပေးနေချိန်တွင် အာရုံစိုက်သင့်သည့် မေးခွန်းတသီတသန်းကြီးအား ပို့လိုက်လေသည်။ သူက ဆွဲခေါ်ရမည့် ဧည့်သည်စာရင်းအကြမ်းကိုတောင်မှ ပြုစုပေးလိုက်သေးသည်။
အန်ကယ်ကျောင်းက ၎င်းကို လှန်လှောကြည့်ရှုပြီးနောက် အကုန်လုံးက ပြည့်စုံစေ့စပ်လှသည်ဟု ခံစားလိုက်ရသည်။ သူ ကျီယီကို ဆက်သွယ်လိုက်ပြီးနောက် ကျောင်းသားတွေအား စပြီး ပြင်ဆင်ထားကြဖို့ ပြောလိုက်၏။
ကျီယီဟာဆိုရင်ဖြင့် နောက်ဆုံးစာမေးပွဲကြီးအတွက် ပြင်ဆင်နေရင်း အလုပ်များနေတာ ဖြစ်လေသည်။ သူ ကျောင်းအုပ်ကြီးထံမှ အကြောင်းကြားချက်ကို ရရှိချိန်မှာတော့ အံဩလွန်းသဖြင့် စကားတောင် မပြောနိုင်တော့ပေ။ ကျောင်းအုပ်ကြီးက ငါတို့ရဲ့ အားလပ်ရပ်လေးကို ရွှေ့ဆိုင်းချင်တာလား?
တစ်ကယ်တော့ ကျီယီက ရိုးစင်းပြီး နုံအသူဖြစ်၏။ စာသင်ချိန်တွေ တစ်ချိန်ပြီးတစ်ချိန် တက်ရောက်သင်ကြားပြီးသည့် နောက်တွင် ကျီယီမှာ ဂျင်ထိပ်ကဲ့သို့ လှည့်ပတ်အလုပ်များနေရသည်။ နောက်ဆုံး ကျောင်းအုပ်ကြီးက ထိုသင်ကြားမှုများ ကျောင်းတွင်းလှုပ်ရှားမှုများကို ရပ်တန့်လိုက်သည့်အချိန် ရောက်သည့်အခါမှာတော့ အားလပ်ရက်ကလည်း ပြီးဆုံးသွားလေပြီ။ ကျောင်းသားကောင်စီ တစ်ဖွဲ့လုံးမှာ ထိုပွဲတွေကြောင့် ခြေကုန်လက်ပန်းကျ ပင်ပန်းနွမ်းနယ်နေကြလေသည်။ သို့သော်လည်း ဘယ်သူကမှ ကျီယီထက်ပိုပြီး ပင်ပန်းနွယ်နယ်ကြမှာ မဟုတ်ပေ။