.. ၆၄ ..
19.4K 2.2K 85
《Zawgyi》
အပိုင်း - ၆၄
[ မြင်သာနေသော ]
လက်ထောက်ဝမ်မှာ ချန်းစီနျန်၏ Aမြို့သို့သွားမည်ဟူသော စကားအားကြားလိုက်ရချိန်တွင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျမိလုနီးပါး ဖြစ်သွား၏။ ဘော့စ်ရယ်! ကျေးဇူးပြုပြီး ဒီလိုကြီးတော့ မကစားပါနဲ့ဗျာ! ထိုထက်ပိုဆိုးသည်မှာ Aမြို့ရှိ ကျောင်းအဆောက်အုံသစ် တည်ဆောက်ပြီးစီးသည့် ထိုအခမ်းအနားက ဘယ်အချိန် ဘယ်နေရာဆိုတာကို သူ မသိခြင်းပင်။
လက်ထောက်ဝမ်က လဲကျမသွားစေရန် အတတ်နိုင်ဆုံး ကြိုးစားထိန်းသိမ်းလိုက်ပြီးတော့ သူ့ကိုယ်သူ ထိန်းကာ မေးလိုက်လေသည် "ဥက္ကဌချန်း ... Aကောလိပ်အတွက် အခမ်းအနားက ဘယ်အချိန် စမှာလဲခင်ဗျ?"
"နေ့လည်နှစ်နာရီ စလိမ့်မယ်"
လက်ထောက်ဝမ်က ... "ကျွန်တော် အခုချက်ချင်း လေယာဉ်လက်မှတ် စီစဉ်လိုက်ပါမယ်!"
ရှန်ကျင်းမြို့နှင့် Aမြို့မှာ လေယာဉ်နှင့်ဆိုလျှင် နှစ်နာရီ ကြာ၏။ ချန်းစီနျန် လေယာဉ်က ဆင်းလျှင် နေ့လည်စာစားဖို့အတွက်ပါ သူစီစဉ်ရမည်ဖြစ်သည်။ ထို့ကြောင့် လက်ထောက်ဝမ်ဟာ အကုန်လုံးကို အပြေးအလွှား ပြင်ဆင်လိုက်ပြီးနောက် မနက်ကိုးနာရီခွဲတွင် ချန်းစီနျန်နှင့်အတူ သူ လေဆိပ်သို့ ရောက်လာခဲ့လေသည်။
ချန်းစီနျန်ရဲ့ များပြားလှစွာသော အုပ်ချုပ်မှု စီမံခန့်ခွဲရေးကဏ္ဋအမျိုးမျိုးနှင့် အခြားသော ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအား သူ ပြန်လည်ပြင်ဆင်ရပေလိမ့်မည်။
လက်ထောက်ဝမ် လေယာဉ်ပေါ်သို့ ရောက်ရှိပြီးနောက် အကန့်အသတ်မရှိသော ကြည်ပြာရောင် မိုးကောင်းကင်ကြီးကို ကြည့်နေရင်းနှင့် သူ့နှလုံးသားကတော့ အနည်းငယ် ပင်ပန်းမှုကို ခံစားလိုက်ရလေသည်။
ယခင်တုန်းက သူ့ဘော့စ်က ဒီလိုအခမ်းအနားမျိုးတွေအား တက်ရောက်ခဲ့ချိန်တွင် .... ခဏ မဟုတ်သေးဘူး ... သူ့ဘော့စ်က ဒီလိုပျင်းစရာကောင်းလှတဲ့ အခမ်းအနားမျိုးတွေကို ဘယ်တုန်းကမှ တက်ရောက်ခဲ့တာ မဟုတ်ပေ။ သူ့ဘော့စ်နှင့် ရင်းနှီးခိုင်မာသည့် ဆက်ဆံရေးမျိုးမရှိသည့် Aမြို့က ဖွင့်ပွဲအခမ်းအနား တစ်ခုတစ်လေကိုပင် ဘယ်သောအခါမှ တက်ရောက်ခဲ့တာ မဟုတ်ချေ။ ဤဧည့်ခံပွဲက ညစာစားပွဲပါတီ ပြီးဆုံးမှသာ အပြီးသတ် နိဂုံးချုပ်မည် ဖြစ်၏။ နဂိုပုံမှန် အခြေအနေသာဆိုလျှင် သူ့သူဌေးက ဖွင့်ပွဲအခမ်းအနား ပြီးတာနှင့် ပြန်လာလိမ့်မည်သာ ..