I am his crush (Part 1)

169 15 8
                                    

"ပျင်းဖို့ ကောင်းလိုက်တာ "

ကားမှန်မှတဆင့် အပြင်ဖက်ကို ငေးကြည့်
ရင်း တိုးဖွဖွရေရွတ်မိသည်

ကျောင်းဝင်းပေါ်ခြေချလိုက်သည်နှင့်
ပိုငြီးငွေ့စရာ ကောင်းလာသလိုလို

"dohyon na!!"

"Nam dohyon...."

"dohyon Oppa..dohyon Oppa!!"

ရုတ်ရုတ်သဲသဲ စုအုံလာသည့် မိန်းကလေး
တချို့ စိတ်ရှုပ်စရာကောင်းတဲ့ အထဲ
ဒါက ထိတ်ဆုံးပဲ

ကိုယ့်ကိုကိုယ်ချော မှန်းသိပေမဲ့လဲ
အဲလောက်ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ
ကတော့ တကယ်မဖြစ်သင့်ဘူးမဟုတ်လား

"ကျစ်...စိတ်ရှုပ်ဖို့ကောင်းလိုက်တာ "

တကိုယ်တည်း ငြီးတွားမိရင်း နားထဲ
နားကြပ် ထိုးထည့်ကာ ဆက်လျောက်
လာလိုက်သည်

"ပျင်းစရာကောင်းတဲ့ အတန်းကို တက်ရအောင် ငါက ရူးနေတာလဲ မဟုတ်ပဲ"

ခုံတန်းရှည်ပေါ် ကျောပိုးအိတ်ကို
ဗုန်း ခနဲ ပစ်ချလိုက်ပြီး ခေါင်းအုံးလုပ်ကာ
အိပ်လိုက်သည်

စာမေးပွဲဆိုတာ မဖြေတဲ့သူရယ် သေတဲ့သူ
ရယ်ပဲ ကျတာ လေ ဖြေခါနီးမှ စာလေး
နဲနဲပါးပါးဖတ်သွားရင် အေးဆေးအောင်မှာပဲ
ကို အပိုတွေလုပ်နေစရာမှမလိုပဲ

"တကယ်ပဲ ဒီနေရာက အကောင်းဆုံးပဲ "

အရိပ်လဲကောင်းကောင်းရပြီး တိတ်ဆိတ်
နေတဲ့ ကျောင်း နောက်က ခုံတန်းရှည်
လေးကတော့ ကျွန်တော့်အတွက် အိပ်ယာ
ကောင်းတစ်ခုပဲ

"မင်းဘယ်သူလဲ "

အိပ်နေရာကနေ တစ်ယောက်က ကြည့်
နေသလို ခံစားမိတာမို့ မျက်လုံးကို ဆတ်ခနဲ
ဖွင့်ကြည့်မိတော့ အရှေ့က ကောင်လေးက
လန့်ဖျတ်သွားသလို ဒူးထောက်ထိုင်နေရာ
ကနေ နောက်ပြန်ဖင်ထိုင်လှဲကျသွားသည်

"မင်း ဘာလုပ်ဖို့ကြံစည်နေတာလဲ"

အိပ်နေရာကနေ ကပျာကယာ ထထိုင်မိ
ကာ မျက်မှောင်ကြုတ်ကာမေးမိသည်

"ငါဘာမှမလုပ်ပါဘူး "

အငြင်းစကားဆိုကာ ထရပ်လိုက်ပြီး
ပေသွားတဲ့ သူ့ဘောင်းဘီကို ခါနေသည့်
ကောင်လေး

 Dolem Fic collection On viuen les histories. Descobreix ara