Ch12: part 3 ရှက်သွေးဖြာတဲ့ ချစ်ခရီးအစ(u+z)

1.5K 105 8
                                    


(Unicode)

နိုးထလတဲ့ မနက်ခင်းဟာ သာယာပျော်ရွှင်ဖွယ် အတိလား ရှက်သွေးကြွယ် ပန်းနုရောင် ပန်းခင်းလားဆိုတာ ရီရှင်း နားမလည်ပါဘူး။

မျက်လုံးဖွင့်လိုက်တယ် ဆိုရင်ဖြင့် သူမဟာ နွေးထွေးကျယ်ပြန့်တဲ့ ရင်ခွင်ကျယ်ကြီးထဲ ခေါင်းတိုးလို့ အိပ်နေမိတဲ့ သူမကိုယ်တိုင်ကို အံ့အားသင့်စွာနဲ့ နိုးထလာရတာပါပဲ။

လှုပ်ရှားမှု အနည်းငယ်မှာ မူးဝေပြီး ရင်တုန်ထိတ်လန့် သွားတဲ့အပြင် သူမရဲ့ လှုပ်ရှားမှု တချို့ကြောင့် အိမ်ရှေ့စံဟာ အိပ်စက်နေရာမှ နိုးသွားတော့တယ်။

သူနဲ့ မျက်ဝန်းခြင်းစုံတဲ့ အခိုက်အတန့်မှာ ညက အဖြစ်အပျက်တွေဟာ အနှေးပြကွက်တွေ လို တသီတတန်း လိုက်ပါလာတော့ ရီရှင်း သိပ်ရှက်ပြီး မျက်လုံးစုံမှိတ်လို့ တဖက်ကိုလှည့် စက်ရာပေါ်မှ ထဖို့ ကြံရွယ်လိုက်တယ်။

ဖယ်ရှားလိုက်တဲ့ စောင်ခြုံလွှာကြောင့် သူမ မြင်လိုက်ရတဲ့ နီစွေးစွေး အရာတွေဟာ သူမကိုယ်သူမ မပိုင်တော့ဘဲ ပိုင်ဆိုင်သူ သခင်တစ်ပါး သူမ ဘဝထဲ ဝင်ရောက်လာခဲ့ပြီ ဆိုတာ သူမ အသိဉာဏ်ထဲ စူးနစ်ဝင်ရောက်လာပါတယ်။

စောင်ခြုံလွှာ ကိုမဖယ်တော့ဘဲ ကိုယ်မှာပတ်လို့ မတ်တပ်ရပ်လိုက်ဖို့ အလုပ်မှာ သူမခြေထောက်တွေ က ယုန်သူငယ် ပိုက်ကွန်မှာ မိသလို့ ထုပ်လို့ ရွေ့မရဘဲ ခုန်ဆွ ခုန်ဆွ ဖြစ်နေတော့ သူထံက ...

"ဖူး..."  ပါးစပ်ပိတ်ပြီး ရယ်လိုက်တဲ့ အသံ ထွက်ကျလာတယ်။

ဘယ်လိုတောင် ချစ်ဖို့ကောင်းလိုက်တဲ့ ကောင်မလေးလဲ...

လင်ကျီ သူ့ရဲ့ ရယ်ချင်နေတဲ့ မျက်နှာထားကို ပြင်လို့ "အကူအညီ လိုသေးလား" မေးလိုက်တော့ အူကြောင်ကြောင် မျက်နှာထားနဲ့ ယုန်သူငယ်မဟာ ဘာဖြေရမယ် မသိ စောင်ထုပ်ကြီးနဲ့ မုန်လာဥ လုပ်နေလေရဲ့...

သူမကို ပွေ့ချီလိုက်ပီး ကုတင်ပေါ်မှာ ထိုင်လို့ရအောင် ပြင်ဆင်ပေးရင်း အိပ်ဆောင် ပြင်က အစေခံတွေကို လှမ်းခေါ်လိုက်တယ်။

" ကြင်ယာတော် အတွက် ကိုယ်လက် သန့်စင်ဖို့ ရေနွေးနွေးလေး ပြင်လာခဲ့ကြ ပြီးရင် ဝတ်စုံသစ်တွေ ယူလာခဲ့"

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Donde viven las historias. Descúbrelo ahora