.. ၆၅ ..
19.7K 2.2K 87
《Zawgyi》
အပိုင်း - ၆၅
[မသိကျွမ်းသော - ၁]
အချိန်အကြာကြီးနေမှ ချန်းစီနျန်ကို ရုတ်တရက် တွေ့လိုက်ရသည်တွင် ချင်းစုယွဲ့ရဲ့ ပထမဆုံး အတွေးကတော့ : ဆိုးရွားတဲ့စိတ်ဝိဥာဉ်ကြီးကတော့ တရစ်ရစ်ဝဲနေပြီ! ငါ Aမြို့ကို ထွက်လာပြီးတာတောင်မှ ဘာလို့ သူ့ကို ထပ်တွေ့မြင်နေရသေးတာလဲ?
ချင်းစုယွဲ့က ချန်းစီနျန်၏ အလွန်ပူပြင်းလှသော အကြည့်ကို လျစ်လျူရှုနိုင်ဖို့ ကြိုးစားလိုက်ရင်း ကူထုံးအား ဘေးသို့ လှမ်းဆွဲလိုက်၏။ ချန်းစီနျန်အား ကျောပေးလိုက်ရင်းမှ သူမက တိုးတိုးတိတ်တိတ်ဖြင့် ... "ဟေး ငါ့ကို ဘာလို့ ဒီအတွက်နဲ့ လှမ်းတားရတာလဲဟ?"
ကူထုံးက သဘောမပေါက်ပေ။ တကယ်ကိုအရေးပါလှတဲ့ ချန်းစီနျန်ကို သူမတောင် ကြားဖူးသော်လည်း ချင်းစုယွဲ့ကတော့ ချန်းစီနျန်ကို ဘာလို့ ပလိပ်ရောဂါကြီးလို ရှောင်တိမ်းနေတဲ့ပုံ ပေါ်နေရတာပါလိမ့်?
ကူထုံးက သူမကို စစ်ဆေးဆုံးဖြတ်ကြည့်လိုက်ပြီး မရေမရာဖြင့် "နင်တို့တွေက တစ်ကျောင်းထဲပဲ မဟုတ်ဘူးလား? သူ့ကို လိုက်ပြဖို့အတွက်က နင်က အကောင်းဆုံးပဲလို့ ငါထင်လို့လေ"
ချင်းစုယွဲ့က ခေါင်းခါလျက် "ငါက သူနဲ့ မသိကျွမ်းဘူးဟ ... နင်ပဲ သူ့ကို ခေါ်သွားပေးလိုက်"
"ဒီနေရာမှာရှိတဲ့ ငါ့တာဝန်ကရော?" ကူထုံးက စိတ်ရှုပ်ထွေးစွာ ပြောလိုက်၏။
ချင်းစုယွဲ့က တွေးတောင်တွေးမနေပဲ "ငါ နင့်ကို ကူညီပေးမှာပေါ့ဟ"
"ဒါပေမယ့် နင် အဲဒီကို လိုက်ပို့လိုက်တာလဲ ကူညီပေးတာပဲ မဟုတ်ဘူးလား?"
"အချိန်ရပါသေးတယ် ... နင် သူတို့ကို လိုက်ပို့ပေးပြီး ဒီကိုပြန်လာခဲ့လေ ... ငါ ဒီမှာ မြန်မြန် ကူလုပ်ပေးထားမယ်"
ကူထုံးကတော့ ချင်းစုယွဲ့တစ်ယောက် ဘာလို့ ဒီလိုမျိုး ပိုခက်ခဲရှုပ်နေအောင် လုပ်ချင်နေလဲ နားကိုမလည်တော့ပေ။ ချန်းစီနျန်ကို ခေါ်သွားပေးရမည့်အစား သူမတို့နှစ်ယောက်လုံးကို အလုပ်တွေပိုရှုပ်အောင် လုပ်နေတော့သည်။ ဒါပေမယ့် ဧည့်သည်တွေကို နှုတ်ဆက်ခိုင်းရတာကြောင့် သူမက ချင်းစုယွဲ့ကို ဒုက္ခပေးနေမိပြီဟု ထင်မိတာကြောင့် ကုထုံးမှာ ချင်းစုယွဲ့၏ ခံစားချက်တွေကို မငြင်းဆန်လိုတော့ပေ။ ဒါကြောင့် ကူထုံးက နောက်သို့ပြန်လှည့်လိုက်ပြီး ချိုကြည်စွာ ပြုံးပြလျက် "မစ္စတာချန်း ... တောင်းပန်ပါတယ်ရှင် ကျွန်မကို လိုက်ပို့ခွင့်ပြုပါ"