No Title 1 (Complete)

65 4 0
                                    


(Zawgyi)

ဒီနေ့ .......... ကို့အိမ်ကိုသွားခဲ့တယ်
အရင်ကကျမတို့ဇနီးမောင်နှံနေခဲ့တဲ့အိမ်လေး
အခုတော့ခြောက်ကပ်လို့ .......

ကိုကတော့ထုံးစံအတိုင်း
သတင်းစာထိုင်ဖတ်နေတယ်
ကျမ၀င်လာတာတောင် ဂရုမပြုမိတာလား
ဂရုမပြုတာလားတော့မသိ

"ကို!"........

ခေါ်နေကျအတိုင်းပါပဲကျမခေါ်လိုက်တယ်
ဒါလဲထုံးစံအတိုင်းပါပဲ ကိုကတော့
သတင်းစာဖတ်တာ မပျက်ပါဘူး

ဟင်းးးး............

သက်ပြင်းရှည်တစ်ခုကိုစွဲပြီးချလိုက်တယ်
ရင်ထဲမှာတော့...........

တီးတောင်!

(ဟော! အိမ်ရှေ့ကဘယ်သူပါလိမ့်)

ကိုကတော့ဘဲလ်သံကြားတာနဲ့အိမ်ရှေ့
ပြေးထွက်သွားတယ် ကျမပြတင်းပေါက်
ကနေချောင်းကြည့်လိုက်တော့

ဟင်! အမျိုးသမီးတစ်ယောက်ပါလား..
ကိုနဲ့စကားတွေပြောပြီးအိမ်ထဲဝင်လာတယ်
သူမမျက်နာနဲ့ကို့မျက်နှာပေါ်မှာအပြုံးတချို့...
ပြီးတော့ကိုကသူမပခုံးကိုဖက်ထားသေးတယ်
ဘာတွေလဲ?......

ကျမအသာပုန်းနေလိုက်တယ်
ကိုတို့အိမ်ထဲရောက်တော့ ကို့မျက်လုံးတွေက
အိမ်ပတ်ချာလည်တစ်ချက်ဝေ့ကြည့်တယ်

"ဆုပြည့်! ထမင်းဆာပြီလားဟင်"

"ဟင်အင်း! မောင်ဆာပြီလား"

"အင်း မောင်ကတော့ဆာပြီး ခဗျားကိုစောင့်
နေထဲကဆာနေတာဗျ"

"ဟင်.!ဟုတ်လား အ့ဆိုစားမယ်လေ
ဒီနေ့မောင့်လက်ယာကောင်းကောင်းလေး
စားရချည်သေးရဲ့ ဒါပေမယ့်ပြောင်းပြန်နော်
ဆုပြည့်ကမောင့်ကိုချက်ကြွေးရမှာ ခုမောင်က
ဆုပြည့်ကိုချက်ကြွေးနေရတယ် ခိခိခိ"

"အာ.မဆိုင်ပါဘူးကွာ အဲ့ဒါအရေးကြီးလို့လား"

"အင်း...ဟုတ်ပါတယ်လေ လက်ထပ်ပြီးမှပဲ
မောင့်ကိုရှယ်ချက်ကြွေးရမယ် ဟိ "

"ကဲပါ.လာ မောင်ဗိုက်ဆာနေပြီ"

ဘာတွေလဲ ကိုနဲ့အဲ့မိန်းမကလက်ထပ်မယ်တဲ့
ဘာတွေဖြစ်ကုန်တာလဲ ဟာ
ထမင်းစားခန်းထဲရယ်သံတွေ
ကျမနားထဲပျံလွင့်လာတယ်

No TitleWhere stories live. Discover now