ခ(Kha)

3.8K 171 0
                                    

Part-1

မိုး​တွေကအငြိုးကြီးစွာရွာ​နေတယ်​ ဒီ​နေ့လည်း ဆရာ​ရှောင်​ အိမ်​ထဲမှာပဲ​ကော်​ဖီ​လေး​ဖျော်​ပြီး စာဖတ်​​နေလိုက်​တယ်
ဘာလိုလိုနဲ့အခန်းထဲမှာပဲအချိန်​​တွေကုန်​ခဲ့တာ နှစ်​အားဖြင့်
၃နှစ်​ ရာသီ​လေးရာသီလုံး အ​ပြောင်းအလဲ​တွေအများကြီးရှိခဲ့
တယ်​ တစ်​နှစ်​နဲ့တစ်​နှစ်​တိုးတက်​ပြီး​ပြောင်းလဲလာတဲ့
ကမ္ဘာကြီးမှာ မ​ပြောင်းလဲသွားတာက ဆရာ​ရှောင်​ရဲ့ ကမ္ဘာ
လေးပဲ "အချစ်​ရဆုံးလူတစ်​​ယောက်​ဆုံးရှုံးပြီးတဲ့​နောက်​မှာ
လူ​တွေက​တည်​ငြိမ်​လွန်းသွားရင်​​ကြောက်​ရတယ်​တဲ့"ဆရာ​ရှောင်​ကိုကြည့်​ရင်းသိလာခဲ့တယ်​ ဆရာ​ရှောင်​ရဲ့ဘဝက
အသက်​မဲ့​နေခဲ့တယ်​ အရယ်​အပြုံး​တွေနည်းလာတယ်
ပြီး​တော့အခုလို အားလုံးနဲ့အဆက်​သွယ်​ဖြတ်​ပြီး ​​နေထိုင်​​နေတယ်​​လေ တခြားသူ​တွေအမြင်​မှာ​တော့ သူကအရမ်းကို
အေးချမ်း​နေတဲ့သူမျိုး​ပေါ့ သူ့ရင်​ထဲကပူ​လောင်​မှု​တွေ​ကို
တော့ သူကိုယ်​တိုင်​သာ သိနိုင်​လိမ့်​မယ်​ ဆရာ​ရှောင်​အပြင်​ထွက်​တဲ့​နေ့ကတစ်​နှစ်​မှာ ၂ရက်​ ပဲရှိတယ်​ စာအုပ်​ဝယ်​ဖို့
အပြင်​ထွက်​ရင်​​တောင်​ လမ်း​​ထိပ်​က စတိုးဆိုင်​​လောက်​ပဲသွားတာမျိုး​လေ အမြဲတမ်းလည်းမထွက်​ဖြစ်​ဘူး အဲ့ဒီ၂ရက်​ကို​တော့ သူ​သေချာ​ပေါက်​အပြင်​သွားခဲ့တယ်​ အဲ့ရက်​​တွေက သူ့ရဲ့အချစ်​ရဆုံးသူရဲ့ ​မွေး​နေ့နဲ့ တစ်​ရက်​က​တော့...

Xiao Zhan-ဘယ်​အရာ​တွေ​ပြောင်းလဲသွားသွား
မင်းက​တော့မ​ပြောင်းလဲသွားဘူး ဒီနှစ်​​တွေမှာ ပန်း​တွေပိုပွင့်​လာတယ်​ ငယ်​​လေး~အရမ်းလည်းလှပလွန်းတယ်​ ဒီ​နေ့မင်းသိပ်​ကြိုက်​တဲ့ daffodil အဝါ​ရောင်​ပန်း​လေး ယူလာခဲ့တယ်
ငယ်​​လေးရာ ကိုယ့်​အနားထွက်​ခွာသွားတာ​စောလွန်း​မ​နေ
ဘူးလားကွာ ကိုယ့်​ကိုထားခဲ့ရ​တော့​ပျော်​လား ဟမ်​ငယ်​​လေး ကိုယ်​က​တော့မ​သေရုံတမယ်​ပါပဲ
(ဆရာ​ရှောင်ေ​ကြကွဲစွာငို​နေမိတယ်​ နှစ်​​တွေကြာသွား​ပေ
မယ့်​ ငယ်​​လေးနဲ့ပတ်​သက်​တဲ့ခံစားချက်​​တွေက​တော့သစ်​​နေဆဲပဲ ပြန်​​တွေးမိတိုင်းနာကျင်​​နေရတုန်းပဲ....)

ခ(Kha)Where stories live. Discover now