《Zawgyi》
အပိုင်း - ၆၆
[မသိကျွမ်းသော - ၂]အခုနေရာတွင် အခြားသော မိန်းကလေးတစ်ယောက်သာဆိုလျှင် ချန်းစီနျန်က ထိုမိန်းကလေးအပေါ် ခံစားချက်တွေ ရှိနေသည်လို့ အထင်လွဲသွားနိုင်မည်ဟု ချင်းစုယွဲ့က ထင်မိလေသည်။ ဒါပေမယ့် ချင်းစုယွဲ့ကတော့ သူမကိုယ်သူမ ဂုဏ်ယူစွာဖြင့် အေးအေးဆေးဆေးပင် စိတ်ထဲ၌ လက်မထောင်လိုက်သေး၏။ ကံကောင်းထောက်မစွာဖြင့် သူမက ဒီဝတ္ထုက ဘယ်လိုဘယ်ပုံ အခြေအနေ ရောက်မည်ကို ကြိုသိနေလေသည်။ သူမက အမျိုးသမီးဇာတ်လိုက် မဟုတ်သောကြောင့် သူမတွင် ချန်းစီနျန်အပေါ် မည်သည့်ရည်ရွယ်ချက်မျိုးမဆို ရှိနေခဲ့ပါလျှင် ဝတ္ထုရဲ့ မူလဇာတ်သိမ်းအတိုင်း သူမအား ဖယ်ရှားရှင်းလင်းခံရလိမ့်မည် ဖြစ်သည်။
ချန်းစီနျန်၏ နက်ရှိုင်းလှသော အကြည့်မှာ ချင်းစုယွဲ့ထံမှာ ခဏလေးတောင် ဖယ်ခွာသွားခြင်း မရှိပါပေ။ သူမရဲ့ တုံ့ပြန်မှုကိုကြည့်လိုက်ပြီးနောက် သူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေ၏ "ကိုယ်သိတယ်"
ချင်းစုယွဲ့က အံကြိတ်လျက် "အဲဒါဆိုရင်လည်း ရှင့်ရဲ့ အရင်တုန်းက ကြင်နာငဲ့ညှာမှုအတွက် ကျေးဇူးတင်ပါတယ်"
"ဒါပေမယ့် မင်း အပြည့်အဝ ကျေးဇူးတင်တာကို ကိုယ် မခံစားရသလိုပဲ" သူက ပျင်းတိပျင်းရွဲဖြင့် ဆက်လက်၍ "ဒါက ချင်းမိန်းကလေးက သူ့ရဲ့ကျေးဇူးတင်မှုကို တစ်ခြားသူတွေအပေါ် ဖော်ပြတဲ့နည်းလား? အနည်းဆုံးတော့ ဟန်ဆောင်တယ်လို့တော့ မထင်ရဘူးပဲ"
ချင်းစုယွဲ့က ချက်ချင်းပဲ သူ့အား ခုခံကာကွယ်သည့်အကြည့်ဖြင့် ကြည့်လိုက်ရင်း "အဲ့တာဆို ရှင် ဘာလိုချင်တာလဲ?"
"လမ်းပြပေး" ချန်းစီနျန်က တိုတိုတုတ်တုတ်ပဲ ပြောလိုက်၏။
"အခြားတစ်ယောက်ယောက်က ရှင့်ကို လမ်းပြပေးတာလဲ အတူတူပဲ မဟုတ်ဘူးလား?"
"ကိုယ် တစ်ခြားဘယ်သူ့ကိုမှ မသိဘူး ... မင်းကိုပဲ သိတယ်"
သူက ယုတ္တိမတန် မလျော်မကန်တွေ ဖြစ်နေသည်ဟု ချင်းစုယွဲ့က ထင်မိလျက် "လမ်းပြပေးမယ့်တစ်ယောက်ကို ခေါ်ရုံလေးတင်ကို ရှင့်ကို ဘယ်သူက ခေါ်သွားပေးတယ်ဆိုတာက အရေးကြီးလို့လား?"
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကို ဂ...