O N E

22.1K 1.2K 274
                                    

Unicode

Written By YonDi

ရွာလေးကနေထွက်လာကတည်းက တဖွဲဖွဲကျနေသောမိုးသည် လမ်းတစ်ဝက်လောက်တွင်အငြိုးကြီးစွာ သည်းသည်းမည်းမည်းရွာချသည် ။

လမ်းမတောင်မမြင်ရအောင်ရွာနေလေတော့ Hobi မှာကားမောင်းနေသည် သူ့အကိုကြီးကိုစိတ်ပူစွာသတိပေးသည်။

"Hyung....သတိထားမောင်းဦးနော်...မိုးကတော်တော်ရွာနေတာ...."

"အင်းပါ Hobi ရယ်"

စိတ်အားကုန်ခမ်းနေသည့်လေသံကြီးနှင့်ပြန်ဖြေလာသည့် SeokJin ကြောင့် သူ့မှာစိတ်မကောင်း....

အင်းလေ....ကိုယ့်ချစ်သူနဲ့ခွဲလာရတာ ဝမ်းနည်းနေရှာမှာပေါ့.....

"ကားရပ်လိုက် hyung.....ကျွန်တော် မောင်းပေးမယ်"

"ရပါတယ်....hyung မောင်းမယ်"

"ဘေးမှာသာအေးဆေးထိုင်ပြီးလိုက်လာပါ hyung ရယ်....ကျွန်တော်မောင်းပေးမယ် လာ"

ထိုသို့ပြောတော့လည်း ကားကိုလမ်းဘေးချရပ်ပေး၏။ Hobi မှာ SeokJin နှင့်နေရာလဲလိုက်ပြီး ကျန်ခရီးတစ်ဝက်ကိုဆက်မောင်းလာလိုက်၏။

တစ်လမ်းလုံးအသံတိတ်ကာပါလာသူက Tae.....ကားပြတင်းပေါက်ကနေ အပြင်သို့မျက်ရည်များဝဲကာ ကြည့်နေ၏။

Hobi နောက်ကြည့်မှန်လေးကတစ်ဆင့်ထပ်ကြည့်မိသည်က Jimin.....

Yoongi ပေးလိုက်သည့်ဆေးထုတ်ကြီးကိုင်ကာ ငိုင်တိုင်တိုင်ကြီးနှင့်.....

SeokJin hyung ကတော့ သူ့ဘေးမှာပဲ တွေတွေကြီးနှင့်ပါလာ၏။ တစ်ခါတစ်ခါ ဝဲတက်လာသောမျက်ရည်တွေကို ခေါင်းကိုမော့ကာ စီးမကျအောင်ထိန်းနေသေးသည် ။

တိတ်ဆိတ်နေသောကားကြီးသည် ရွာကိုလာတုန်းကဆူညံနေသောကားကြီးနှင့်တော်တော်လေးကွာခြားသည်။

ခွဲခွာလာရလို့ သူလည်းဝမ်းနည်းနေတာမလို့ ခံစားချက်တွေကိုနားလည်နိုင်ပါသည်။

.

Tae ကားမှန်ထဲကတစ်ဆင့်မြင်ရသည့် ချစ်ရသူ၏မြင်ကွင်းကိုဖျောက်မရနိုင်......

The Village That Starts Our Love [Season 2] (Completed)Where stories live. Discover now