- 7 -

2.4K 323 25
                                    

Promise ( 7 )

Unicode

လူနာတင်ယာဥ် တစ်စီး ဆေးရုံရှေ့သို့ထိုးစိုက်လာပြန်သည်
ရုတ်ရုတ်သဲသဲနဲ့ တစ်ခါပြေးကြလွှားကြ သယ်ကြနဲ့
အလုပ်ရှုပ်နေသည်
ထိုသူတွေအကြား ဆော့ဂျင်လည်းအပါအဝင်ပင်

" ဟင် !! "

လူနာနဲ့အတူပါလာသူက ညီဖြစ်သူ ဂျောင်ကု

" ဂျောင်ကု မင်းက ဒီကို ဘာလို့ ..... "

ဆွဲချလိုက်သော လူနာကုတင်နဲ့အတူ ပါလာသောလူနာမှာ
နမ်ဂျွန် ဖြစ်သည်
နဖူးတစ်ဝိုက်မှာ သွေးတွေချင်းချင်းကိုထလို့

" ဟမ် ? ကင်နမ်ဂျွန် !!!!! "

မူးဝေသွားသည် မဖြစ်နိုင်တာ ကိုယ်နဲ့မနေ့တနေ့က
အထိ ကောင်းကောင်း စကားပြောနေတဲ့သူက ခုသွေး
တွေပေကျံလို့ လူနာကုတင်ပေါ်လှဲနေရတယ်တဲ့လား

" ဂျောင်ကု နောက်နေတာလား ဒါနောက်စရာမဟုတ်
ဘူးနော် "

" နောက်စရာလား ? ဒါနောက်နေတာမဟုတ်ဘူး
အစ်ကိုရဲ့ "

နောက်နေတာမဟုတ်ဘူးဆို .... ?

ဆော့ဂျင် နောက်သို့ ခြေလှမ်းတွေဆုတ်ရင်း ယိုင်
သွားသည်

" ဆရာဘာလုပ်နေတာလဲ လာလေ "

ဘေးက သူနာပြုမလေးက လှမ်းခေါ်ကာ သတိပေးသည်

ကိုယ် ဘယ်လိုခံနိုင်ရည်နဲ့ မင်းကိုကြည့်နေရမှာလဲ ဂျွန်
ငါ မင်းကိုချစ်မိလို့ ဖြစ်တာလားဟင်
ငါချစ်တဲ့သူတွေကို ကံကြမ္မာ ခုလိုဆွဲထုတ်သွားနေကြမို့
မင်းက ခုလိုဖြစ်ရတာလားဟင် ငါ့ကြောင့်လား
ထလာပါတော့ နမ်ဂျွန်ရယ်

Promise • Namjin || Completed ||Where stories live. Discover now