.. ၆၉ ..
19.6K 2.3K 171
《Zawgyi》
အပိုင်း ၆၉
[သဝန်တိုခြင်း - ၃]
ချန်းစီနျန်၏ မျက်ဝန်းတွေဟာ သူမရဲ့ ရှည်လျားဖြူဖွေးလှသော ခြေထောက်တွေပေါ်တွင် ကျရောက်နေပြီး တဆက်ထဲမှာပဲ သူမရဲ့ ခန္ဓာကိုယ်အား ဗြောင်ကျကျပင် ကြည့်လိုက်၏။ ထို့နောက်မှာတော့ ပူပန်ကြောင့်ကြကင်းသော လေသံဖြင့် သူက ပြန်ပြောလိုက်သည် "ကိုယ်မြင်တာဖြစ်ဖြစ် မမြင်တာဖြစ်ဖြစ် ...."
"ရှင် ဒီလိုတွေ ပြောနေတော့ ရှင့်ရဲ့ပုံရိပ်ထိခိုက်မှာ မကြောက်ဘူးလား?" ချင်းစုယွဲ့က ခြိမ်းခြောက်လိုက်ပြီး သူ့ရဲ့ တုံးအလှတဲ့ မျက်ခွက်ကြီးကို ဖြတ်ရိုက်ချင်နေမိ၏။
ချန်းစီနျန်က သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်ရင်း ပြုံးလိုက်သည်။ "မင်းရဲ့ လက်တွေကို မထိန်းချုပ်နိုင်တော့ ကိုယ် ဒီလက်တွေကို ချည်ထားတာ ပိုကောင်းလောက်မယ်"
"ရှင် လုပ်ရဲလုပ်ကြည့်လေ!"
ချင်းစုယွဲ့ဟာ သူမကိုယ်သူမ ထွက်ပြေးရုန်းကန်နေရသည့် သားကောင်တစ်ကောင်နှယ် တဖြည်းဖြည်းနှင့် ခံစားလာရသည်။ သူမက သတ်ဖြတ်ခံရဖို့ စောင့်နေရသည့် သိုးတစ်ကောင်လိုပင်။ သူက သူမရဲ့ လက်နှစ်ဖက်လုံးကို ဖမ်းဆုပ်ထားလျက် သူမရဲ့ ခြေထောက်တွေကိုပါ ဆုပ်ကိုင်ထားလေ၏။ သူမ ထွက်သွားချင်ရင်တောင် မလွတ်မြောက်နိုင်တော့ပေ။
"ချန်းစီနျန် ကျွန်မရှင့်ကို သတိပေးနေတာနော်! ကျွန်မကို လွှတ်!"
"ကိုယ်က လွှတ်ပေးလို့ရပါတယ် ... ဒါပေမယ့် အရင်ဆုံး မေးခွန်းတစ်ခုကိုတော့ မင်း ဖြေပေးရမယ်"
"ရှင့်မှာ ဘာလို့ မေးခွန်းတွေ အများကြီး ရှိနေရတာလဲ?"
ချန်းစီနျန်မှာ တစ်ကယ်တော့ မေးခွန်းတွေ အများကြီး ရှိလေ၏။ သူက သူမကို စူးစိုက်ကြည့်လျက် "ဟိုလူငယ်နဲ့ မင်းနဲ့ကြားက ဆက်ဆံရေးက ဘာလဲ?"
"ဘယ်လူငယ်လဲ?" ချင်းစုယွဲ့ မေးလိုက်တဲ့ အချိန်မှာ ချန်းစီနျန်၏ မျက်နှာထက်က အရောင်ကတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
"ရှင်က နာမည်မှ မပြောတာ ဘယ်သူမှန်း ကျွန်မက ဘယ်လိုလုပ် သိမှာလဲ?" ချင်းစုယွဲ့က ရဲဝံ့စွာ ပြောလိုက်သည်။