အပိုင်း-၃၀

12.4K 1K 18
                                    

(Unicode )

" မင်းဆရာဝန်ကလည်း မလာနိုင်သေးဘူးလား "

ကျောင်းဆေးပေးခန်းရှေ့က ခုံတန်းလျားပေါ်တွင် ခံ့ညားသည် ထိုင်လိုက်ထလိုက်နှင့် ဂဏာမငြိမ်ဖြစ်လို့နေသည်။

သည်နေ့မှ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းဆရာဝန်က ခွင့်ယူထား၍ ခံ့ညားမှာ ညီကောင်းခန့်ဆီ အပူပြေးကပ်ရ၏။

" ဆရာဝန်က ရောက်တော့မှာပါကွာ... အေးဆေးထိုင်နေပါ.. "

မျောက်မီးခဲ ဖင်ခုထားသလို ဖြစ်နေသော ခံ့ညားကို ညီကောင်းခန့်က အေးအေးလူလူ တရားချ၏။

သို့သော် ခံ့ညားသည် မျက်မှောင်တို့ကို ကျုတ်လိုက်ပြီး

" အေးဆေးနေရအောင် ရိုးရိုးဖျားတာ နာတာမဟုတ်ဘူးကွ... မနက်ဖြန်စာမေးပွဲဖြေရမယ့်ကလေးက လက်ကို ဒဏ်ရာရထားတာကွ...လက်ကို! "

ဇောနှင့် လေသံမြင့်ကာပြောမိတော့ ခခ ကပါ မော့ကြည့်လာသည် ။

ညီကောင်းခန့်ကတော့ ခံ့ညား၏ အဖြစ်သည်းနေမှုကြောင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း

" မင်းကလည်း ဇွတ်ကိုပဲ..ငါ့ကျောင်းသားကို ငါလည်းစိတ်ပူပါတယ်ကွ.. မင်းဟာက မသိရင် ကလေးဒဏ်ရာရလို့ ကျောင်းကိုရန်လာတွေ့တဲ့ အဖေကြီးကျနေတာပဲ... အကဲကိုပိုတယ်.."

ပက်ခနဲ ပြန်ပြောလိုက်သောစကားကြောင့် ခံ့ညားမှာ အရှုက်ထိသွားပြီး ဘာမှ ဆက်မပြောနိုင် ။

ကွမ်းတစ်ယာညက်အချိန်လောက်ကြာပြီးနောက် ဆရာဝန်ရောက်လာသည်။

ဆရာဝန်သည် ခခဒဏ်ရာကို စစ်ဆေးပေးရင်း

" နံရံကို အရှိန်နဲ့ ရိုက်မိသွားတာဆိုတော့ လက်မောင်းရိုးကိုထိပြီး အရိုးနည်းနည်းလေးအက်ချင်သွားတာပါ.. ဒါပေ.."

" ဗျာ... အရိုးကိုထိသွားတယ်..?စိုးရိမ်ရလား ဒေါက်တာ.. ကျောက်ပတ်တီးတွေ ဘာတွေများ.."

အရိုးထိတယ် ဆိုတာကြောင့် ခံ့ညားသည် ထူပူသွားကာ ဆရာဝန်စကားမဆုံးခင် ပျာယိပျာယာ မေးလိုက်တော့

ဆရာဝန်က ပိုရန်ကော ဆိုသည့်အကြည့်မျိုးဖြင့်

" ဒီက ကလေးအဖေ အစိုးရိမ်ကြီးနေပါပြီဗျာ.. ကျွန်တော်ပြောတာဆုံးအောင်နားထောင်ပါဦး... ကြီးကြီးမားမား အရိုးထိတာမရှိဘူး.. ဒဏ်ဖြစ်သွားရုံလေးတင် "

အပိုဆု Where stories live. Discover now