.. ၇၀ ..
20.4K 2.1K 103
《Zawgyi》
အပိုင်း - ၇၀
[မင်းက ကိုယ့်အတွက် ဘာမှမဟုတ်ပါဘူး]
ကားက Aကောလိပ်ရဲ့ ဝင်ပေါက်တွင် နောက်ထပ်တစ်ကြိမ် ရပ်တန့်သွားချိန်မှာတော့ ချင်းစုယွဲ့က စိတ်ရှုပ်သွားမိသည်။
သူမ ဘာပြောချင်တာလဲဆိုတာကို သူမကိုယ်သူမ ရှင်းလင်းအောင် လုပ်ပြီးသည့် နောက်တွင် ချန်းစီနျန်၏ အပြုအမူ၌ စိတ်မကြည်မသာဖြစ်မှု တစွန်းတစကို တွေ့မြင်လိုက်ရ၏။ ဒါပေမယ့် ချင်းစုယွဲ့အား တစ်ကယ်ကို အံ့အားသင့်သွားစေတာကတော့ သူက ချက်ချင်းပဲ သူ့လက်ထောက်အား ကားကိုပြန်လှည့်ခိုင်းကာ သူမကို ပြန်ပို့ခိုင်းလိုက်၍ပဲ ဖြစ်လေသည်။
ချင်းစုယွဲ့က စဉ်းစားမရဖြစ်သွား၏။ ဒီလောက်ထိ အကုန်လုံး ဒုက္ခခံပြီးသွားမှ သူက ဘာလုပ်ဖို့ စီစဉ်နေတာလဲ? သူ ဘာတွေ တွေးနေတယ်ဆိုတာကို သူမ လုံးလုံးကို ပုံဖော်စိတ်ကူးကြည့်၍ မရတော့ပေ။
ကားက ကျောင်းဝင်ပေါက်မှာ ရပ်တန့်သွားချိန်မှာ ချန်းစီနျန်က ချင်းစုယွဲ့ကို အလွယ်တကူပင် တခဏလောက် သေချာဂရုစိုက်ကြည့်လိုက်သည်။ သူမက ပြတင်းပေါက် အနားတွင် ထိုင်နေလျက် ဘာမှရှိမနေတဲ့ နေရာလပ်ကြီးကိုသာ စိုက်ကြည့်လို့နေ၏။ သူမ ဘာတွေတွေးနေလဲဆိုတာကို သူ မသိနိုင်ပေ။ သူ့မျက်ဝန်းထောင့်ကနေ သူမကို ကြည့်နေသည်ကိုသာ သူ မတတ်နိုင်စွာဖြင့် မရပ်မနား ကြည့်ရှုပြုမူနေမိသည်။ "ဘာဖြစ်နေတာလဲ? မင်း အခုတော့ အပြင်ကို မထွက်ချင်တော့ပြန်ဘူးလား?"
"ဟမ်?" ချင်းစုယွဲ့က မတုန်မလှုပ်သာ ပြန်ဖြေလိုက်သည်။
ချန်းစီနျန်က သူ့စိတ်သူ အတတ်နိုင်ဆုံး ကြိုးစားထိန်းချုပ်နေရလျက် သူ့မျက်ဝန်းတွေထဲမှ မီးစက်မီးပွားတွေ တောက်လောက်နေတာကိုတော့ ခွင့်ပြုထားလျက် ခပ်ထေ့ထေ့ဖြင့် " ဒါတွေအကုန်လုံးကို မင်းပဲ တောင်းဆိုခဲ့တာနော် နောက်ကျရင် နောင်တမရစေဖို့ ကိုယ်မျှော်လင့်ပါတယ်"
"ကျွန်မက ဘာကို နောင်တရရမှာလဲ?" ချင်းစုယွဲ့က မပြုံးမိပဲ မနေနိုင်ပေ။
"မရရင်တော့ ကောင်းတာပေါ့" ချန်းစီနျန်က အေးစက်စက် ပြောလိုက်သည် "ကိုယ် Aမြို့မှာ နေသည်ဖြစ်စေ မနေသည်ဖြစ်စေ နောက်ပြီးတော့ ဘယ်လောက်ကြာကြာနေမယ်ဆိုတာက ကိုယ့်ရွေးချယ်မှုပဲ ... မင်း ဝင်စွက်ဖက်ဖို့ မလိုဘူး မင်းက ကိုယ့်အတွက် ဘာမှမဟုတ်ပါဘူး ချင်းစုယွဲ့"