အပိုင္း ၁၀

2.2K 137 1
                                    

Yubinႏွင္​့ fanxingတို႔​ေစ်းကို​ေရာက္​ခဲ့သည္​။ သူ​ေဌးသား​ေလးYubinက​ေတာ့ဒီလိုစိုစြတ္​​ေနတဲ့​ ေနရာ တစ္ခါမွမလာဖူး တာေၾကာင္​့
"Fanxing..ဘာလို႔ဒီကိုလာတာလဲ.supermarket​ေတြ႐ွိတာ.."
"ဦး​ေျပာတာမွန္​ပါတယ္​...supermarket​ေတြ႐ွိ​ေပမဲ့ ​ဒ​​ီလို
​ေစ်း​ေတြထပ္​ ​ေစ်းႏွစ္​ဆကြာတယ္​​ေလ...ၿပီး​ေတာ့ ဒီ​ေနရာ
က ကြၽန္​​ေတာ္​​ေနတဲ့​ေနရာနဲ႔ပိုနီးတယ္​...​ဦး​ေျပာတဲ့​ေနရာ
သြားရင္​ ၿမိဳ႕ထဲကိုကားစီးရ​ေသးတယ္​..ပို႐ႈပ္​ပါတယ္​​ဗ်ာ..
ၿမိဳ႕ထဲသြားတဲ့ကားခက ႏွစ္​ရက္​စာ​ေစ်းဖိုး​ေလာက္​ရတယ္​"
Fanxingက မုန္​လာဥ​ေရြးရင္​း ဆက္​တိုက္​​ေျပာ​ေန​ေလသည္​။ Yubinက
"မင္​းက ​ေနာင္​က်ရင္​ာအိမ္​႐ွင္​မ​ေကာင္​းတစ္​​ေယာက္​ ျဖစ္​လာမွာဘဲ..."
"ကြၽန္​​ေတာ္​ အိမ္​​ေထာင္​မျပဳႏိုင္​ဘူးထင္​ပါတယ္​..ညီ​ေလး​ေတြအတြက္​႐ုန္​းကန္​​ေနရတာ ဘယ္​သူက ကြၽန္ေတာ့္ကို
ခ်စ္​ႏိုင္​မွာလဲ..."
"ဒါ​ေပမဲ့..."
"​ေတာ္​ၿပီး​ဗ်ာ..ဆက္​မ​ေျပာနဲ႔​ေတာ့ ..ဟိုဘက္​က အသားတန္းသြားရ​ေအာင္​...​ေရာ့..ဆြဲခဲ့..."
မုန္​လာ​ဥျဖဴ၃စီး ထည္​့ထ​ား​ေသာအိတ္​အမဲကို Yubinအား​ေပးလိုက္​​ၿပီး​ေနာက္​ အ​ေ႐ွ႕မွ ​ေမာ့​ေတာ့​ေမာ့​ေတာ့ႏွင္​့ အသားတန္​းသို႔​ေျပး​ေလသည္​။ ဟိုဝယ္​ဒီဝယ္​ႏွင္​့ ႏွစ္​​ေယာက္​သားလက္​ထဲ၌ အထုတ္​​ေတြျပည္​့လာသည္​။ ​ေစ်းထဲမွအထြက္​ အကၤ်ီဆိုင္​ကို ျဖတ္​ရာ Fanxingက
"ဦး...အဝတ္​​ေလး ဝယ္​ရ​ေအာင္​..."
"အမ္​..မင္​းမွာ ပိုက္​ဆံ႐ွိ​ေသးလို႔လား.."
"ဦးရဲ႕ အိမ္​လခ႐ွိတယ္​..ျမန္​ျမန္​လာ..ဦးအတြက္​တစ္​ထည္​ဝယ္​​ေပးမယ္​.."
အထုတ္​​ေတြကိုယ္​စီကိုင္​ကာ အဝတ္​ဆိုင္​က်ဥ္​းက်ဥ္​း​ေလးထဲသို႔ ဝင္​သြားၾကသည္​။ ဆိုင္​ရဲ႕ တဖတ္​စီတြင္​ ႀကီးစဥ္​ငယ္​လ္​ိုက္​ခ်ိတ္​ထား​ေသာ အဝတ္​တန္​းမ်ားကို
ေတြ႔ရသည္​။
Fanxingသည္​ တံခါးနားတြင္​ အထုတ္​မ်ားကိုခ်ၿပီး တစ္​ထည္​ခ်င္​းစီ ဂ႐ုတစိုက္​​ေရြး​ေလသည္​။ Yubinသည္​ ဆိုင္​ကိုအကဲခတ္​ၿပီး​ေနာက္​
"ဒီလိုဆိုင္​လည္​း ႐ွိတာဘဲလား..ငါတို႔အသိုင္​းအဝိုင္​းနဲ႔မ်ားကြာပါ့...ဆိုင္​က ငါတို႔လာၿပီးဆိုရင္​ အ​ေနာက္​က​ေန တစ္​​ေကာက္​​ေကာက္​လိုက္​ၿပီး ​ေသခ်ာဂ႐ုစိုက္​​ေပးတယ္​."
စိတ္​ထဲ၌ ​ေတြးရင္​း ​အ​ေပါက္​ဝတြင္​ ထိုင္​​ေန​ေသာ ဆံပင္​​ေကာက္​​ေကာက္​..ရဲ​ေန​ေသာႏႈတ္​ခမ္​း...
အဝလြန္​​ေနေသာကိုယ္​ႏွင္​့ သတင္​းစာဖတ္​ကာ က်က်ထိုင္​​ေန​ေသာ အ​ေဒၚႀကီးအား Yubinတစ္​​ေယာက္​​ေသခ်ာၾကည္​့​ေန​ေလသည္​။
"ဦး..ဦး..ဒ​ီကိုတစ္​ခ်က္​..."
Fanxingရဲ႕ ​ေခၚသံ​ေၾကာင္​့ အ​ေတြး​ေတြးၾကားထဲက ႏိုးလာကာ fanxing​ေခၚရာသို႔ ​​ေလ်ွာက္​သြား​ေလသည္​။Fanxingက သူ​ေရြးထား​ေသာ ႐ွပ္​လက္​႐ွည္​ အျပာၾကား​အႏု​ေလးကိုယူၿပီး Yubinရဲ႕ ကိုယ္​ႏွင္​့ တိုင္​းၾကည္​့လိုက္​သည္​။ ထို႔​ေနာက္​ fanxingက
"ဦးက အျပာ​ေရာင္​နဲ႔​ေတာ္ေတာ္လိုက္တာဘဲ.. ႀကိဳက္လား...လက္​​ေဆာင္​ဝယ္​​ေပးတာ..."
"အင္​း..မင္​းႀကိဳက္​တာမွန္​သမ်ွကိုယ္​ႀကိဳက္​တယ္​..."
Yubinရဲ႕ ပါးစပ္​ဖ်ားမွ လႊတ္​ခနဲတီးတိုး​ေလး ထြက္​သြားရာFanxingက
"ဦး...ဘာ​ေျပာလိုက္​တာလဲ..."
"​ေအာ့..မင္​းအတြက္​​ေရာ မ​ေရြးဘူးလား.."
"​ေရြးၿပီးၿပီး...ခရမ္​းႏုႏု​ေလး..."
Fanxing​ေရြးထားသည္​့အ​ေရာင္​မွာ ခရမ္​ေရာင္​ႏုႏု​ေလးျဖစ္​သည္​။ ႏုတာမွ​ေတာ္​​ေတာ္​ႏုတာ။ fanxingက
"ကြၽန္​​ေတာ္​နဲ႔လိုက္​လား..."
"အင္​း..​ေတာ္​​ေတာ္​လိုက္​တာ..လွတယ္​.."
"​ေက်းဇူးပါ.. .ဒါဆိုဒီႏွစ္​ထည္​ဘဲ ဝယ္​လိုက္​​ေတာ့မယ္​..."
"ခဏ..ငါဝယ္​​ေပးမယ္​..."
"ဒါေပမယ့္..."
"ကိုယ္​ဝယ္​​ေပးမယ္​..မင္းဒီ​ေန႔ကုန္​တာမ်ား​ေနၿပီး​.​ေနာ္​.."
Yubinသည္​ အ​ေပါက္​ဝအနားတြင္​ထိုင္​​ေန​ေသာ အေဒၚႀကီးအား
"အ​ေဒၚ..ဘယ္​​ေလာက္​က်လဲ..."
"​ေစ်း​ေရးထားတယ္​..ကိုယ္​့ဘာသာၾကည့္​..."
Yubinသည္​ ​ေစ်းႏႈန္းကိုၾကည္​့ၿပီး က်သင္​့သ​ေလာက္႐ွင္​းကာ အိမ္​ျပန္​ခဲ့ၾကသည္​။ အိမ္​သို႔​ေရာက္​သည္​့အခါ အိမ္​အဝတြင္​ခ်ထား​ေသာ စကၠဴပံုးမ်ားကို​ေတြ႔ရသည္​။ fanxingက
"ဒါဘယ္​သူဟာလဲဟ...အဝမွာလာထားသြားတယ္​..."
"ဒါ​ေတြက ကိုယ္​့ဟာ​ေတြပါ...ပို႔ခိုင္​းထားတဲ့အထုတ္​​ေတြပါ..."
"​ေအာ္​..ျမန္​လိုက္​တာ..​ေရာက္​တာ...ခဏ​ေနာ္​..ဦး..ဒါ
​ေတြအိမ္​ထဲမွာထားၿပီးရင္​ ပံုး​ေတြဝိုင္​းသယ္​​ေပးမယ္​.."
"အင္​း..."
Fanxingသည္​ အိမ္​တံခါးကို ခပ္​သုတ္​သုတ္​ဖြင္​့ကာ အထဲသို႔ဝင္​သြားၿပီး​ေနာက္​ ​ေစ်းဝယ္​လာသည္​့ပစၥည္းမ်ားကို ​ေနရာတစ္​က်ထားလိုက္​သည္​။ ၿပီး​ေနာက္​ျပန္​ထြက္​လာကာ Yubinရဲ႕ ပံုးမ်ားကို အထဲသို႔ဝိုင္းမ​ေပး​ေလသည္​။ အထဲသို႔ဝိုင္​းမၿပီး​ေနာက္​ဆံုးက်န္​သည္​့ပံုးကို fanxing​ေလးသြားမရာ သူ႔အ​ေ႐ွ႕သို႔ အမ်ိဳးသမီးတစ္​​ေယာက္​​ေရာက္​လာ​ေလသည္​။ fanxingက
"ဘယ္​သူလဲမသိ.. .."
​ေမး​ေနတုန္​းမွာဘဲ Yubinတစ္​​ေယာက္​အထဲမွ ထြက္​လာၿပီး
"ဘာလို္​ၾကာ​ေနတာလဲ..​ေနာက္​ဆံုးပံုး​ေလး...."
Yubinသည္​ ထိုအမ်ိဳးသမီးကို ​ေတြ႔ၿပီး မွင္သပ္သြားၿပီး​ေနာက္​
"အ​ေမ....."
Yubinရဲ႕ အ​ေမဆိုသည္​့​ေခၚသံ​ေၾကာင္​့ fanxingလည္​း​ေၾကာင္​သြားကာ မထား​ေသာ စကၠဴပံုး​ေလးလြတ္​က်ၿပီး
"မ..မဂၤ...လာပါ..​ဗ်..."
ဘာလုပ္​လို႔လုပ္​ရမွန္​ယမသိျဖစ္​သြား​ေလသည္​။
....
မနက္​ဖန္​အတြက္​ အျမည္​း​ေလး....😁😁
Yubinရဲ႕ ႐ုတ္​တရက္​​ေရာက္​ခ်လာ​ေသာ​ေၾကာင္​့ Yubinတစ္​​ေယာက္​ဘယ္လိုေတြလိမ္အံုးမွာပါလိ္မ့္....သိခ်င္​လား???
Unicode
Yubinနှင့်​fanxingတို့​ဈေးကို​ရောက်​ခဲ့သည်​။ သူ​ဌေးသား​လေးYubinက​တော့ဒီလိုစိုစွတ်​နေတဲ့​နေရာ တစ်ခါမှမလာဖူး တာကြောင့်​
"Fanxing..ဘာလို့ဒီကိုလာတာလဲ.supermarket​တွေရှိတာ.."
"ဦး​ပြောတာမှန်​ပါတယ်​...supermarket​တွေရှိ​ပေမဲ့​ဒီလို
​ဈေး​တွေထပ်​ဈေးနှစ်​ဆကွာတယ်​လေ...ပြီး​တော့ ဒီ​နေရာ
က ကျွန်​တော်​နေတဲ့​နေရာနဲ့ပိုနီးတယ်​...​ဦး​ပြောတဲ့​နေရာ
သွားရင်​မြို့ထဲကိုကားစီးရ​သေးတယ်​..ပိုရှုပ်​ပါတယ်​ဗျာ..
မြို့ထဲသွားတဲ့ကားခက နှစ်​ရက်​စာ​ဈေးဖိုး​လောက်​ရတယ်​"
Fanxingက မုန်​လာဥ​ရွေးရင်း ဆက်​တိုက်​ပြော​နေ​လေသည်​။ Yubinက
"မင်းက​နောင်​ကျရင်ာအိမ်​ရှင်​မ​ကောင်းတစ်​ယောက်​ဖြစ်​လာမှာဘဲ..."
"ကျွန်​တော်​အိမ်​ထောင်​မပြုနိုင်​ဘူးထင်​ပါတယ်​..ညီ​လေး​တွေအတွက်​ရုန်းကန်​နေရတာ ဘယ်​သူက ကျွန်တော့်ကို
ချစ်​နိုင်​မှာလဲ..."
"ဒါ​ပေမဲ့..."
"​တော်​ပြီး​ဗျာ..ဆက်​မ​ပြောနဲ့​တော့ ..ဟိုဘက်​က အသားတန်းသွားရ​အောင်​...​ရော့..ဆွဲခဲ့..."
မုန်​လာ​ဥဖြူ၃စီး ထည့်​ထား​သောအိတ်​အမဲကို Yubinအား​ပေးလိုက်​ပြီး​နောက်​အ​ရှေ့မှ​မော့​တော့​မော့​တော့နှင့်​အသားတန်းသို့​ပြေး​လေသည်​။ ဟိုဝယ်​ဒီဝယ်​နှင့်​နှစ်​ယောက်​သားလက်​ထဲ၌ အထုတ်​တွေပြည့်​လာသည်​။​ဈေးထဲမှအထွက်​အင်္ကျီဆိုင်​ကို ဖြတ်​ရာ Fanxingက
"ဦး...အဝတ်​လေး ဝယ်​ရ​အောင်​..."
"အမ်​..မင်းမှာ ပိုက်​ဆံရှိ​သေးလို့လား.."
"ဦးရဲ့ အိမ်​လခရှိတယ်​..မြန်​မြန်​လာ..ဦးအတွက်​တစ်​ထည်​ဝယ်​ပေးမယ်​.."
အထုတ်​တွေကိုယ်​စီကိုင်​ကာ အဝတ်​ဆိုင်​ကျဉ်းကျဉ်း​လေးထဲသို့ ဝင်​သွားကြသည်​။ ဆိုင်​ရဲ့ တဖတ်​စီတွင်​ကြီးစဉ်​ငယ်​လ်ိုက်​ချိတ်​ထား​သော အဝတ်​တန်းများကို
တွေ့ရသည်​။
Fanxingသည်​တံခါးနားတွင်​အထုတ်​များကိုချပြီး တစ်​ထည်​ချင်းစီ ဂရုတစိုက်​ရွေး​လေသည်​။ Yubinသည်​ဆိုင်​ကိုအကဲခတ်​ပြီး​နောက်​
"ဒီလိုဆိုင်​လည်း ရှိတာဘဲလား..ငါတို့အသိုင်းအဝိုင်းနဲ့များကွာပါ့...ဆိုင်​က ငါတို့လာပြီးဆိုရင်​အ​နောက်​က​နေ တစ်​ကောက်​ကောက်​လိုက်​ပြီး​သေချာဂရုစိုက်​ပေးတယ်​."
စိတ်​ထဲ၌​တွေးရင်း​အ​ပေါက်​ဝတွင်​ထိုင်​နေ​သော ဆံပင်​ကောက်​ကောက်​..ရဲ​နေ​သောနှုတ်​ခမ်း...
အဝလွန်​နေသောကိုယ်​နှင့်​သတင်းစာဖတ်​ကာ ကျကျထိုင်​နေ​သော အ​ဒေါ်ကြီးအား Yubinတစ်​ယောက်​သေချာကြည့်​နေ​လေသည်​။
"ဦး..ဦး..ဒီကိုတစ်​ချက်​..."
Fanxingရဲ့​ခေါ်သံ​ကြောင့်​အ​တွေး​တွေးကြားထဲက နိုးလာကာ fanxing​ခေါ်ရာသို့​လျှောက်​သွား​လေသည်​။Fanxingက သူ​ရွေးထား​သော ရှပ်​လက်​ရှည်​အပြာကြား​အနု​လေးကိုယူပြီး Yubinရဲ့ ကိုယ်​နှင့်​တိုင်းကြည့်​လိုက်​သည်​။ ထို့​နောက်​fanxingက
"ဦးက အပြာ​ရောင်​နဲ့​တော်တော်လိုက်တာဘဲ.. ကြိုက်လား...လက်​ဆောင်​ဝယ်​ပေးတာ..."
"အင်း..မင်းကြိုက်​တာမှန်​သမျှကိုယ်​ကြိုက်​တယ်​..."
Yubinရဲ့ ပါးစပ်​ဖျားမှ လွှတ်​ခနဲတီးတိုး​လေး ထွက်​သွားရာFanxingက
"ဦး...ဘာ​ပြောလိုက်​တာလဲ..."
"​အော့..မင်းအတွက်​ရော မ​ရွေးဘူးလား.."
"​ရွေးပြီးပြီး...ခရမ်းနုနု​လေး..."
Fanxing​ရွေးထားသည့်​အ​ရောင်​မှာ ခရမ်​ရောင်​နုနု​လေးဖြစ်​သည်​။ နုတာမှ​တော်​တော်​နုတာ။ fanxingက
"ကျွန်​တော်​နဲ့လိုက်​လား..."
"အင်း..​တော်​တော်​လိုက်​တာ..လှတယ်​.."
"​ကျေးဇူးပါ.. .ဒါဆိုဒီနှစ်​ထည်​ဘဲ ဝယ်​လိုက်​တော့မယ်​..."
"ခဏ..ငါဝယ်​ပေးမယ်​..."
"ဒါပေမယ့်..."
"ကိုယ်​ဝယ်​ပေးမယ်​..မင်းဒီ​နေ့ကုန်​တာများ​နေပြီး​.​နော်​.."
Yubinသည်​အ​ပေါက်​ဝအနားတွင်​ထိုင်​နေ​သော အဒေါ်ကြီးအား
"အ​ဒေါ်..ဘယ်​လောက်​ကျလဲ..."
"​ဈေး​ရေးထားတယ်​..ကိုယ့်​ဘာသာကြည့်​..."
Yubinသည်​ဈေးနှုန်းကိုကြည့်​ပြီး ကျသင့်​သ​လောက်ရှင်းကာ အိမ်​ပြန်​ခဲ့ကြသည်​။ အိမ်​သို့​ရောက်​သည့်​အခါ အိမ်​အဝတွင်​ချထား​သော စက္ကူပုံးများကို​တွေ့ရသည်​။ fanxingက
"ဒါဘယ်​သူဟာလဲဟ...အဝမှာလာထားသွားတယ်​..."
"ဒါ​တွေက ကိုယ့်​ဟာ​တွေပါ...ပို့ခိုင်းထားတဲ့အထုတ်​တွေပါ..."
"​အော်​..မြန်​လိုက်​တာ..​ရောက်​တာ...ခဏ​နော်​..ဦး..ဒါ
​တွေအိမ်​ထဲမှာထားပြီးရင်​ပုံး​တွေဝိုင်းသယ်​ပေးမယ်​.."
"အင်း..."
Fanxingသည်​အိမ်​တံခါးကို ခပ်​သုတ်​သုတ်​ဖွင့်​ကာ အထဲသို့ဝင်​သွားပြီး​နောက်​ဈေးဝယ်​လာသည့်​ပစ္စည်းများကို​နေရာတစ်​ကျထားလိုက်​သည်​။ ပြီး​နောက်​ပြန်​ထွက်​လာကာ Yubinရဲ့ ပုံးများကို အထဲသို့ဝိုင်းမ​ပေး​လေသည်​။ အထဲသို့ဝိုင်းမပြီး​နောက်​ဆုံးကျန်​သည့်​ပုံးကို fanxing​လေးသွားမရာ သူ့အ​ရှေ့သို့ အမျိုးသမီးတစ်​ယောက်​ရောက်​လာ​လေသည်​။ fanxingက
"ဘယ်​သူလဲမသိ.. .."
​မေး​နေတုန်းမှာဘဲ Yubinတစ်​ယောက်​အထဲမှ ထွက်​လာပြီး
"ဘာလို​ကြာ​နေတာလဲ..​နောက်​ဆုံးပုံး​လေး...."
Yubinသည်​ထိုအမျိုးသမီးကို​တွေ့ပြီး မှင်သပ်သွားပြီး​နောက်​
"အ​မေ....."
Yubinရဲ့ အ​မေဆိုသည့်​ခေါ်သံ​ကြောင့်​fanxingလည်း​ကြောင်​သွားကာ မထား​သော စက္ကူပုံး​လေးလွတ်​ကျပြီး
"မ..မင်္ဂ...လာပါ..​ဗျ..."
ဘာလုပ်​လို့လုပ်​ရမှန်​ယမသိဖြစ်​သွား​လေသည်​။
....
မနက်​ဖန်​အတွက်​အမြည်း​လေး....😁😁
Yubinရဲ့ ရုတ်​တရက်​ရောက်​ချလာ​သော​ကြောင့်​Yubinတစ်​ယောက်​ဘယ်လိုတွေလိမ်အုံးမှာပါလ်ိမ့်....သိချင်​လား???
kyelsinthawdar

ခ်စ္ရတဲ့ဦးDove le storie prendono vita. Scoprilo ora