ကိုယ့်လမ်းကိုယ်ဆီ လျှောက်ကြရင်း.......(Edit)

38.5K 1.3K 24
                                    

နွေးထွေးပျော်ရွှင်စွာ ကြိုဆိုမည့်သူမရှိတဲ့ ဘူတာရုံအိုလေးထဲမှာ ရထားဆင်းခရီးသည်တစ်ဦးရဲ့ အထီးကျန်ခြင်းတွေကို တတိယအကြိမ်ခံစားလိုက်ရတဲ့အခါ ပထမဆုံးအကြိမ်ထက် အဆပေါင်းများစွာ ပြင်းထန်နေခဲ့တယ်...........
အပြင်မှာ မိုးတဖွဲဖွဲကျနေတာကြောင့် ဘူတာရုံအပြင်ဖက်နားကတက္ကဆီတစ်စီးကိုသာ အလွယ်တကူတကူငှားလိုက်ရတော့တယ်။

နွေရာသီဖြစ်ဖြစ်၊မိုးရာသီဖြစ်ဖြစ် အပြင်ထွက်ရင် ထီးမဆောင်းတတ်တဲ့ သူ့ကို 'ခင်ဗျား ထီးမပါဘူးလား'လို့  ဆောင့်ဆောင့်အောင့်အောင့် ပြောပေးမယ့်သူလည်း အနားမှာမရှိပါဘူး။

ချုံချင်းမြို့လေးက အရင်ကနဲ့ မတူ တိုးတက်ပြောင်းလဲနေပြီဆိုပေမယ့် သူလာမှပဲ အရင်ကလို စိုစွတ်ထိုင်းမှိုင်းနေသည်။လမ်းပေါ်မှာ ပန်းပွင့်ကြွေများ၊ သစ်ရွက်ကြွေများဟိုတစ်စ ဒီတစ်စ လွင့်ကြွေနေသည်။မိုးက တစ်ချက်တစ်ချက် ဖြန်းခနဲ သည်းပက်လိုက်ပြီး တစ်ချက်တစ်ချက်ကျတော့ လေနဲ့လွင့်ပြီး ပျောက်သွားပြန်သည်။ဒါ ချုံချင်းမှာ ရွာတဲ့ မိုးမှ မဟုတ်ဘဲ။

အခုနေများ တစ်ယောက်ယောက်က 'ဟယ် အလည်လာတာလား'ဟု မေးရင်း သူဘယ်လိုဖြေရပါမလိမ့်။
'မဟုတ်ပါဘူး။ကွာရှင်းပြီး ပြန်လာတာပါ' လို့ အမှန်ပြောရမလား ဒါမှမဟုတ် 'ဟုတ်ကဲ့။ အမေတို့ကို သတိရလို့လာတာပါလို့ လိမ်ပြောရမလား။'

ဝေ့ဝဲလာတဲ့ မျက်ရည်ကို ခပ်ကြမ်းကြမ်းသုတ်ပြစ်ရင်း အားကိုတင်းလိုက်ရသည်။ဘာပဲဖြစ်ဖြစ် သူကတစ်ယောက်တည်းပဲ ဘာမဆိုရင်နိုင်ဖို့ သူပြင်ဆင်ထားရမယ်။စဥ်းစားရင်းနဲ့ဘဲ မျက်ရည်ကထပ်ကျလာတယ်.....
'ဝမ်ရိပေါ်' မင်းမရှိတဲ့ ဘဝမှာ ဘယ်အရာနဲ့မှာ အသားမကျသေးဘူး............။

ဖုန်းတွေ ၊အင်တာနက်တွေ အကုန်ပိတ်ထားတယ်။သူဖွင့်ကြည့်ဖို့ မရဲဘူး။အမြဲတမ်း ဆန်းသစ်နေတဲ့ မင်းသတင်းတွေကို သူမကြားရဲဘူး။မင်းရဲ့ ပြီးပြည့်စုံချောမောတဲ့ မျက်နှာကို မြင်ရင် ကောထပ်ပြီးငရဲတွင်းထဲ ခုန်ဆင်းမိမလားမသိဘူး။အရာရာကို စွန့်လွှတ်ပြီလို့ ကြွေးကြော်ခဲ့ပြီး သုံးလက်စ ဖုန်းပါ လွှင့်ပစ်ခဲ့ပေမယ့် အလွတ်ရနေတဲ့ မင်းရဲ့ ဖုန်းနံပါတ်ကို မနှိပ်မိအောင်တော့ ကောလက်ကို ဖြတ်ထားမှရမယ် ထင်တယ်။

မင်းချန်ရစ်ခဲ့တဲ့နေရာမှာ.........(completed)Where stories live. Discover now