အကယ်၍

1.7K 50 3
                                    

အကယ်၍များ ဒီနေရာမှာ အဲဒီနေ့က  မင်းနဲ့သာမဆုံခဲ့ ရင် ကိုယ်လဲ အခုလို ခံစားနေရမှာမဟုတ်ဘူး နာကျင်နေရမှာလဲမဟုတ်ဘူး

ဒီနေ့လိုမိုးတွေရွာတဲ့နေမှာဘဲ မင်းနဲ့ကိုယ်စတွေ့ခဲ့တာ 

မိုးတွေရွာတဲ့ အချိန် မင်းသိပ်ကြိုက်တဲ့ hot  chocolate နဲ့ မှာနေလို့ကောင်းတာ

August 21  ရက်နေ့ 2018,하늘 cafe နေ့လည် 4:00 At Seoul, 

မိုးအရမ်းသည်းနေလို့ လူ တွေအရမ်းရှုပ်နေတဲ့
촉곡  လမ်းကြား ထို အချိန်

ကလင် ကလင် ကလင်

《ဆိုင်တဲ့ကို ဝင်လာတဲ့ ကောင်လေး ကျနော်စိတ်ကိုပင် ဆွဲဆောင်လို့နေလေရဲ့
ရေဆိုနေတဲ့ သူရဲ့ဆံပင်၊ ဆွဲဆောင်မှုရှိတဲ့အသားအရည်နဲ့ ချောမောလှပတဲ့ အသွင်အပြင်၊ တောင့်တင်းတဲ့ခန္ဓာကိုယ်အချိုးအစား ကို ပိုင်ဆိုင်ထားတဲ့သူ 》

Waiter - မင်္ဂလာပါအကို ဘာများသုံးဆောင်မလဲ ခင်ဗျ

Boy - ကျနော် ကို hot chocolate တခွက်ပေးပါ အပေါ်က whip cream လေး ပါ ထည့်ပေးပါနော်

《သူကသာယာတဲ့ အသံကို ပါ ပိုင်ဆိုင်ထားတာဘဲ 》

Waiter- ဟုတ်ကဲ့ တခြား ဘာများ သုံးဆောင်ချင်ပါသေးလဲအကို

Boy - ဒီနေတော့ ဒီလောက်ပါဘဲ

《သူလောက်ချိုသာတဲ့ အပြုံး တခြားသူတွေစီမှာရှိမှာမဟူတ်ဘူး 》

Waiter - ဟုတ်ကဲ့ 3500₩ ကျပါတယ်ခင်ဗျ  card နဲ့ပေးမလား cash နဲ့ပေးမလဲအကို

Boy - card နဲ့ဘဲရှင်းမယ်နော်

Waiter - အကိုဒီမှာ  receipt ခဏနေလာချပေးပါ့မယ်နော်

Boy - ရပါတယ် ကျေးဇူးတင်ပါတယ်

Boy's pov -ဒီနေ့ကျမှဆိုင်ကလဲ လူရှုပ်နေတယ် အော်ဟိုမှာတစ်ယောက်ထဲထိုင်နေတဲ့အကိုတစ်ယောက်ရှိတာဘဲသွားမေးကြည့်ရမယ်

《ကျနော်စီကို တည့်တည့်လျှောက်လာသော ကျနော်ရဲ့နတ်သားလေး》

Boy - အကို ကျနော် ဒီမှာထိုင်လို့ရမလဲမသိဘူး တခြားနေရာတွေက လူပြည့်နေလို့ အကိုအတွက် အဆင်မပြေဘူးဆိုလဲ ကျနော် တခြားနေရာသွားထိုင်ပါ့မယ်

အကယျ၍Where stories live. Discover now