အကယ်၍များ ဒီနေရာမှာ အဲဒီနေ့က မင်းနဲ့သာမဆုံခဲ့ ရင် ကိုယ်လဲ အခုလို ခံစားနေရမှာမဟုတ်ဘူး နာကျင်နေရမှာလဲမဟုတ်ဘူး
ဒီနေ့လိုမိုးတွေရွာတဲ့နေမှာဘဲ မင်းနဲ့ကိုယ်စတွေ့ခဲ့တာ
မိုးတွေရွာတဲ့ အချိန် မင်းသိပ်ကြိုက်တဲ့ hot chocolate နဲ့ မှာနေလို့ကောင်းတာ
August 21 ရက်နေ့ 2018,하늘 cafe နေ့လည် 4:00 At Seoul,
မိုးအရမ်းသည်းနေလို့ လူ တွေအရမ်းရှုပ်နေတဲ့
촉곡 လမ်းကြား ထို အချိန်ကလင် ကလင် ကလင်
《ဆိုင်တဲ့ကို ဝင်လာတဲ့ ကောင်လေး ကျနော်စိတ်ကိုပင် ဆွဲဆောင်လို့နေလေရဲ့
ရေဆိုနေတဲ့ သူရဲ့ဆံပင်၊ ဆွဲဆောင်မှုရှိတဲ့အသားအရည်နဲ့ ချောမောလှပတဲ့ အသွင်အပြင်၊ တောင့်တင်းတဲ့ခန္ဓာကိုယ်အချိုးအစား ကို ပိုင်ဆိုင်ထားတဲ့သူ 》Waiter - မင်္ဂလာပါအကို ဘာများသုံးဆောင်မလဲ ခင်ဗျ
Boy - ကျနော် ကို hot chocolate တခွက်ပေးပါ အပေါ်က whip cream လေး ပါ ထည့်ပေးပါနော်
《သူကသာယာတဲ့ အသံကို ပါ ပိုင်ဆိုင်ထားတာဘဲ 》
Waiter- ဟုတ်ကဲ့ တခြား ဘာများ သုံးဆောင်ချင်ပါသေးလဲအကို
Boy - ဒီနေတော့ ဒီလောက်ပါဘဲ
《သူလောက်ချိုသာတဲ့ အပြုံး တခြားသူတွေစီမှာရှိမှာမဟူတ်ဘူး 》
Waiter - ဟုတ်ကဲ့ 3500₩ ကျပါတယ်ခင်ဗျ card နဲ့ပေးမလား cash နဲ့ပေးမလဲအကို
Boy - card နဲ့ဘဲရှင်းမယ်နော်
Waiter - အကိုဒီမှာ receipt ခဏနေလာချပေးပါ့မယ်နော်
Boy - ရပါတယ် ကျေးဇူးတင်ပါတယ်
Boy's pov -ဒီနေ့ကျမှဆိုင်ကလဲ လူရှုပ်နေတယ် အော်ဟိုမှာတစ်ယောက်ထဲထိုင်နေတဲ့အကိုတစ်ယောက်ရှိတာဘဲသွားမေးကြည့်ရမယ်
《ကျနော်စီကို တည့်တည့်လျှောက်လာသော ကျနော်ရဲ့နတ်သားလေး》
Boy - အကို ကျနော် ဒီမှာထိုင်လို့ရမလဲမသိဘူး တခြားနေရာတွေက လူပြည့်နေလို့ အကိုအတွက် အဆင်မပြေဘူးဆိုလဲ ကျနော် တခြားနေရာသွားထိုင်ပါ့မယ်