love(Final)💚❤

7K 337 20
                                    


Zawgyi

အပြာရောင်ကော်ဇောကြီးတစ်လျောက်

ရိပေါ်မှန်ကန်တိကျတဲ့ခြေလှမ်းတွေနဲ့

လျောက်လှမ်းလာတယ် ကျွန်းတံခါးကြီးကို

တွန်းဖွင့်လိုက်တော့

အဖြူရောင်ခန်းမကြီးရဲ့အလယ်မှာ

ချစ်မြတ်နိုးရသူဟာ အနီရောင်ဇာပဝါလေး

အုပ်လျက် ရိပေါ်ကိုကြောခိုင်းလျက်သား

ရပ်လို့

"ကိုကို''

နောက်ကျောလေးကိုငေးရုံနဲ့

နလုံးသားလေးနွေးထွေးသွားလောက်အောင်

ထပ်တူကျတဲ့မြင်ကွင်းဟာ ရိပေါ်ရဲ့အတိတ်မှာ

ဖျောက်ဖျက်လို့မရတဲ့အမှတ်တရတွေအဖြစ်

နလုံးသားရဲ့တစ်ထောင့်တစ်နေရာမှာ

နေရာယူထားတယ်မလား

"ဘာလို့လဲ ဘာလို့င့ကိုထားသွားတာလဲ''

"စွန့်လွတ်ဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးကိုကို

ဆူးတွေစူးနေတဲ့နလုံးသားတစ်စုံနဲ့

ကျူးလစ်အဖြူတွေကိုခူးရင် သွေးစွန်းသွားမှာပေါ့

သန့်စင်တဲ့ချစ်ခြင်းတရားတွေမွေးမြူဖို့

အချိန်ခနယူတာပါကိုကို''

"ခုရော ရှောင်ပြေးဦးမှာလား''

"ဟင့်အင်း ကျွန်တော်မလုပ်တော့ဘူး

ဘယ်တော့မှ အနီရောင်စွန်လေးက

ခရမ်းပြာရောင်ရစ်ဘီးလေးကိုဘယ်တော့မှ

ထားသွားတော့မှာမဟူတ်ဘူး ဒီအနီရောင်

ဖူးစာကြိုးလေးက သက်သေထူပေးလိမ့်မယ်''

ဖြည်းဖြည်းချင်းလှည့်လာတဲ့ကိုကိုမျက်နာလေးကို

ရိပေါ်မမြင်ရပေမယ့် စိတ်ထဲကသိလို့နေတယ်

ကိုကိုငိုနေလိမ့်မယ်

"ကိုကို ကျွန်တော်တောင်းပန်ပါတယ်

တမင်ထားသွားခဲ့တာမဟုတ်သလို

နာကျင်ပါစေလို့လဲမရည်ရွယ်ခဲ့ပါဘူး

 My Mysterious Devil Boyfriend👑Where stories live. Discover now