My Dear Mountain blue bird

8K 589 133
                                    


မိုနီကာ တောအုပ်တစ်ခွင်လုံး သက်ရှိ ကင်းမဲ့နေသည့်အလား တိတ်ဆိတ်ငြိမ်သက်နေသည်။အကြောင်းမှာ သိပ်မကြာသေးမီအချိန်အတွင်း တောအုပ်တစ်ခုလုံး မြည်ဟည်းသွားသည့် ကျားသစ်နက် မျိုးနွယ်၏ အမဲလိုက် ခရာသံကြောင့်ပင်။
ထိုအချိန် ယနေ့၏ ကံဆိုးမှု ပြဿဒ်ဖြစ်သွားရသည့်
တောသမင်ဖို တစ်ကောင်ကတော့ အသက်ဘေးလွတ်အောင် တောအုပ်အတွင်း ပြေးလွှားနေလေသည်။ခပ်လှမ်းလှမ်းက ညာသံပေးသံနှင့်အတူ ပြေးလိုက်လာသော ခြေသံများကလဲ တောသမင်ဖို နောက်မှ ထပ်ကြပ်မကွာ ထွက်ပေါ်နေသည်။

လေဟုန်ကို ခွင်းပြီး ထွက်ပေါ်လာသော မြှားက တောသမင်ဖို၏ ဇီဝန်ကို ခဏအတွင်းခြွေပစ်လိုက်သည်။
သေခြင်းတရား မှာမြန်ဆန်လွန်းလှပေသည်။
ပစ်လွှတ်လိုက်သော မြှားပိုင်ရှင်မှာ သမင်သေနား ချဥ်းကပ်ရင်း သမင်သေကို ကျောပေါ် ကောက်ထမ်းလိုက်သည်။ ခပ်လှမ်းလှမ်းမှလိုက်လာသော လူအုပ်ကြီးမှာ ထိုသူကို မြင်သည်နှင့် ဦးညွှတ်ကြသည်။ ထို့နောက်မှာတော့ ထိုလူအုပ်ကြီးနှင့် တကွ သမင်သေကို ထမ်းထားသူမှာ တောအုပ်အတွင်းမှ ထွက်ခွါသွားတော့သည်။

ကင်းစောင့်တဲမှ အစောင့်များက အမဲလိုက်မှ ပြန်လာသော ထိုလူအုပ်ကို မြင်သည်နှင့် ခရာစမှုတ်တော့သည်။ ခရာသံဆုံးသည်နှင့် သစ်လုံးများဖြင့် ပြုလုပ်ထားသော တံခါးကြီးမှာ ပွင့်သွားလေသည်။ စခန်းသို့ပြန်လာသော အမဲလိုက်အဖွဲ့ကို မျိုးနွယ်စုက လူကြီးများနှင့် ကလေးများက ဝိုင်းကြိုဆိုကြသည်။

"ကိုကို ဂျောင်ဂု သမီးမှာလိုက်တဲ့ သစ်ခွပန်းလေး ပါလာ လားဟင်"

"မီရာလေး မှာလိုက်တာပဲ ပါလာတာပေါ့ ရော့ ဒီမှါ"

"တကယ့် ကို ကိုကို ဂျောင်ဂုက အကောင်းဆုံးပဲ သမီးကြီးလာရင် ကိုကို့ ကိုပဲ လက်ထပ်မှာသိလား"

ကလေးမလေး၏ ကလေးဆန်ဆန်အပြောလေး
ကြောင့် ဂျောင်ဂု ခပ်ဟဟလေး ရယ်မောလေသည်။

"အဲ့ခါကျ ကိုကိုက ဦးလေးကြီးဖြစ်နေလောက်မှာ အာ့ဆိုရင်ရော မီရာက ကိုကို့ကို ကြိုက်ဦးမှာလား"

"မီရာက ကိုကို ဘယ်လိုပုံဖြစ်ဖြစ်ကြိုက်တယ် "

"ဟုတ်ပါပြီ လူလည်မလေး ဟိုမှာ ဒေါ်လေးရှီရာ ခေါ်နေပြီ သွားတော့"

My Dear  Mountain blue birdWhere stories live. Discover now