သူမကစိတ်ညစ်ညူးစွာဖြင့်Jasonတို့အဖွဲ့အားကြည့်
လိုက်ရင်းသက်ပျင်းချလိုက်သည်။သူမကံကတစ်ကယ်ကိုဆိုးရွားနေတာပါလားဟုလည်းတွေးလိုက်မိသည်။နာမည်ကြီး clubတွေပဲသွားတတ်တဲ့Jasonကဒီသာမညဆိုင်လေးကိုလာတာသူမကိုနှောင့်ယှက်ဖို့တော့မဟုတ်လောက်ဖူးမလား။ထားပါလေ။သူမရှောင်နေလိုက်တာပေါ့။
သူမကJuliအားခေါ်ကာပြောလိုက်သည်။
''Juliရေ။ရှင်ကျွန်မကိုတစ်ခုလောက်အကူအညီလေးပေးနိုင်မလား။''Juliကပြုံးလိုက်ကာ''ဘာများလဲshape။''
သူမကမျက်စလေးပစ်ပြလိုက်ကာJuliအားမေးလိုက်ည်။
''ရှင်အခုဝင်လာတဲ့အုပ်စုကိုတွေ့တယ်မလား။''Juliကဝင်ပေါက်ကိုတစ်ချက်လှမ်းကြည့်လိုက်ရင်း
''တွေ့တာပေါ့။ဘာလို့များလဲ။''''အဲ့ဝိုင်းကိုအစားအသောက်ပို့ရင်ရှင်သွားပို့ပေးနိုင်မလား။''
သူမJuliကိုသူမအစာလုပ်ခိုင်းဖို့မေးရခြင်းမှာအကြောင်းရှိသည်။သူမတို့clubလေးသည်သာမာန်clubလေးသာဖြစ်ပြီးဝန်ထမ်းများကလည်းအလှည့်ကျတာဝန်ယူရလေသည်။သူမကဒီနေ့အစားအသောက်များချပေးရမည်ဖြစ်ပြီး
Juliကတော့သန့်ရှင်းရေးလုပ်ရမည့်သူဖြစ်သည်။ကျန်သည့်လူများကတော့အရက်စပ်သည့်သူနှင့်ဧည့်ကြိုများပင်ဖြစ်သည်။သူမအကူအညီတောင်းပြီးနောက်Juliကသိလိုဟန်ဖြင့်
မေးလာလေသည်။
''ဘာပြသာနာများရှိလို့လဲshape။''''သိပ်အထွေအထူးတော့မဟုတ်ပါဖူး။ပြသာနာကိုကြိုရှောင်ထားတဲ့သဘောပါ။ရှင်ကူညီမယ်မလား။ကျွန်မရှင့်အတွက်သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။''
''ရပါတယ်shapeရယ်။ပြောရမဲ့လူတွေမို့လို့လား။
ငါသွားပေးပါ့မယ်''ဟုပြောလာလေသည်။
သူမကနှစ်လိုဖွယ်ကောင်းစွာပြုံးလိုက်ရင်း
''ကျေးဇူးပါပဲဟာ။နင်ကအကောင်းဆုးံပဲ။
ဟုပြောလိုက်သည်။''သူမရဲ့အရင်ဘဝကကံဆိုးမှုတွေကအခုဘဝထိပါပါလာပုံရသည်။အဘယ့်ကြောင့်ဆိုသော်စားသောက်ပွဲတွေသွားပို့တဲ့Juliကခဏနေတော့ပြန်ရောက်လာကာမန်နေဂျာပါပါလာလေသည်။သူတို့မျက်နှာတွေကမသာမယာဖြစ်နေတာကြောင့်သူမကမေးလိုက်သည်။
''ဘာဖြစ်လာကြတာလဲ။''
YOU ARE READING
Moonlife
Fantasyမွန်း - ငါsemeဖြစ်ချင်တယ်ပဲပြောခဲ့တာ system-ဟုတ်တယ်လေ missionတွေအောင်ရင်semeဖြစ်မှာပေါ့ မွန်း - ငါဗီလိန်ဖြစ်ချင်တယ်လို့တစ်ခါမှမပြောဖူးဘူး system- seriesတွေကြည့်ရင်ပြောတယ်လေ မင်းသမီးတွေကိုအရမ်းမုန်းတာပဲ ...