Boundary

287 18 0
                                    

- အတိုင်းအတာ -

ဝတ္ထုဆိုရင်တောင် ပျော်စရာဇာတ်သိမ်းခန်းကိုမှ ဖတ်ချင်ပါတဲ့ ကိုယ်ဟာ ခပ်ပုပု တစ်ထပ်အိမ်ကလေးမှာ ခြောက်သွေ့မှု၊ အထီးကျန်မှုတွေနဲ့သာ ကျန်ရစ်ခဲ့တယ်။

ဆေးမဖြန်းဘဲ ပြစ်ထားလို့ ရှည်နေပြီဖြစ်တဲ့ မြက်ရိုင်းတွေနဲ့ ပေါင်းမသင်ဖြစ်လို့ တောထနေတဲ့ ခြံရယ်။ ကလေးရယ်... မင်းကိုမှ အမြတ်တနိုး သိမ်းထားချင်ရအောင် ကျောခိုင်းခဲ့တာ ကိုယ်မှမဟုတ်ဘဲ။ အခုတော့ မြက်ရိုင်းတွေ ဖုံးနေပြီ။ မင်းလျှောက်ခဲ့တဲ့လမ်း၊ ကိုယ်လျှောက်ခဲ့တဲ့လမ်း၊ တို့အတူလျှောက်ခဲ့တဲ့လမ်း။

ဆယ်စုနှစ်တစ်ခုတိုင်အောင် မြတ်နိုးခဲ့လည်း အတိုင်းအတာထက်ကို လွန်ရင် အတိုင်းထက်အလွန်ပဲပေါ့။ ချစ်လို့လည်း နာကျင်ရတယ်။ မမုန်းနိုင်လို့လည်း နာကျင်ရတယ်။ မင်းအတွက်ကြောင့်ပဲ ဒီလူက ခဏခဏ နာကျင်ရတယ်။

မမှားသင့်တဲ့ အမှားကိုတောင်မှ ကြည်ဖြူစွာ ခွင့်လွှင့်ပေးသူကို ကလေးမို့ အားမနာရက်တယ်။ လုပ်ရက်လိုက်လေခြင်းရယ်လို့ စိတ်မနာခဲ့ပါဘူး။ ကိုယ်က စိတ်ပျက်မှုနဲ့အတူ မင်းလုပ်ရပ်ကို စိတ်ကုန်သွားခဲ့တာ။ သည်းခံလွန်းသူ တစ်ယောက်ရဲ့ ပေါက်ကွဲခြင်းကို မင်းကတော့ သစ္စာမရှိသူ တစ်ယောက်ရဲ့ ငြီးငွေ့ခြင်းလို့ မြင်နေမလား။

နေပါအုံး ကလေးရယ်... မင်းကိုမှ အမြတ်တနိုး သိမ်းထားချင်ရအောင် ခြေလှမ်းအမှားကို လျှောက်ခဲ့သူဟာ ကိုယ်မှမဟုတ်ဘဲ။

နှင်ထုတ်ရခြင်းမှာ ကိုယ်ဘာကို လိပ်ပြာမသန့် ဖြစ်နေရအုံးမလဲ။အတိုင်းအတာကို ကျော်သွားခဲ့ရင် ကိုယ့်အတွက်တော့ အရာရာဟာ ဆိုးကျိုးပဲ။ ။

14/12/2019Nyome

Someone Else's Story Where stories live. Discover now