Hallucination

173 16 0
                                    

- ထင်ယောင်ထင်မှား -

ခင်ဗျားတို့သာ အချစ်ကိုနားလည်တတ်ခဲ့ရင် မျက်ဝန်းတွေကတဆင့် မြင်နိုင်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ သာမန်မဟုတ်မှန်း။ 

သူရော ကျွန်တော်ရော အသက်ငယ်ငယ်လေးပါ။ ဒါပေမဲ့ မိဘတွေနဲ့ခွဲပြီး နှစ်ယောက်တစ်အိမ် ထူထောင်ထားတာဟာ ကိုယ်စိတ်ချမ်းရာကိုသာ ရွေးချယ်နေထိုင်ခြင်းပဲ။ 

မရိပ်မိဘူးလား... ကျွန်တော်တို့က ညီအစ်ကိုတွေပါလို့ ဘယ်သူ့ကိုမှ အသိပေးခြင်း မရှိဘဲနေခဲ့သလို၊ ကျွန်တော်တို့ရဲ့ ပက်သတ်မှုအမှန်ကို ပြောပြရလောက်တဲ့အထိလည်း မလိုအပ်ဘူးထင်လို့ ပတ်ဝန်းကျင်ကို လျစ်လျူရှုခဲ့တယ်ဆိုတာ။

မှားပါတယ်။ လူခြေနည်းတဲ့ ရပ်ကွက်မှာနေလို့ အေးချမ်းရပြီ ထင်ခဲ့တာ။

မှားပါတယ်။ ကျွန်တော်မို့လို့ ခင်ဗျားတို့လို အိမ်နီချင်းတွေအပေါ် တစ်လုံးတဝကြီး ယုံစားထားခဲ့တာ။

အေးချမ်းလို့ နိဗ္ဗာန်ထင်နေတဲ့နေရာဟာ ငရဲအဖြစ်ပြောင်းလဲသွားတဲ့ တနေ့မှာ ခင်ဗျားတို့ပြောသလို ဝဋ်ကျွေးပါလာတာလား တွေးမိတယ်။ ကျွန်တော် အတိတ်က ဘဝတစ်ခုမှာ သူတစ်ပါးရဲ့ ချစ်ခြင်းကို ဖျက်ဆီးခဲ့မိလို့လား။

အယောင်ယောင်အမှားမှားနဲ့...တသက်နဲ့တစ်ကိုယ် အမောပြေကြည့်ခဲ့ရတဲ့ ချစ်သူ့မျက်နှာဟာလည်း ပူလောင်လာခဲ့တယ်။ 

"အကို့ညီကို တာဝန်ယူခိုင်းပေးပါ"တဲ့။

ပတ်ဝန်းကျင်ရဲ့ ထိုးနှက်စကားတွေကြား ကျွန်တော်တစ်ယောက်တည်း ဆောက်တည်ရာ မရခဲ့တာ။

သူက ကျွန်တော့်ချစ်သူပါ။ ဖွင့်မပြောခဲ့ပေမယ့် သူက ကျွန်တော်သိပ်ချစ်ရတဲ့ ချစ်သူပါ။

ဒါပေမဲ့လေ...တလျှောက်လုံး နှုတ်ဆိတ်နေသူကို ကြည့်ပြီး ကျွန်တော် ဘာထပ် ပြောနိုင်အုံးမှာလဲ။

မင်းက ငါ့အပေါ်မှာ ဘယ်တော့မှ မသိတတ်ခဲ့ဘူး။ မင်းက ငါ့အပေါ်မှာ ဘယ်တော့မှ သစ္စာရှိဖို့ မကြိုးစားခဲ့ဘူး။ 

ဒါတောင်မှ... ဒါတောင်မှ ငါမင်းကို ခွင့်လွှတ်ခဲ့သေးတယ်တဲ့။ သိပ်အံ့ဩဖို့ကောင်းအောင် မင်းကိုလက်ခံနိုင်သေးတဲ့ ငါ့နှလုံးသားဟာ အချစ်တွေသပ်သပ်လား။ တွယ်ငြိတက်မက်တွေပဲလား။

မကျူးလွန်သင့်တဲ့ အမှားတစ်ခု ပထမဆုံးအကြိမ်အဖြစ် မင်းလုပ်ရက်ခဲ့တယ်။ အဲ့ဒါက...သူမနဲ့ လက်ထပ်ထိမ်းမြားပြီး ငါနဲ့အတူနေထိုင်ခဲ့ခြင်း။

14/12/19
Nyome

Someone Else's Story Where stories live. Discover now