Part 4

4.3K 197 3
                                    


Love Catcher

အပိုင်း(၄)

#lovecatcher

၁၁-၂၀-၁၂-၂၁

"အကို...ဒီနေ့ စကားအများကြီး ပြောတယ်..."

"အင်း...အားနေတယ်..."

"အလုပ်မသွားဘူးလား.."

"မသွားဘူး...ဖျားနေတယ်လေ..."

"ဟင်....ဖျားနေတယ်....ဆေးခန်းမသွားဘူးလား..."

"ဆေးသောက်ထားပါတယ်...."

"ဆေးသောက်ရုံ နဲ့ မရဘူးလေ ..."

"ဘာလို့..."

"အကို က တော်ရုံ ဆို အလုပ်ပျက်တာ မဟုတ်ဘူး...တော်တော် ဖြစ်နေတာမလား...သွားလိုက်ပါနော်.."

"ကိုယ့် အကြောင်း တော်တော်သိနေတာပဲ..."

"........."

ညီမ က ချစ်ရသူပါ အစ်ကိုရယ်..။

အစ်ကို နဲ့ပတ်သက်သမျှ ကို လေ့လာ ပြီး စုံစမ်းမိသူပါ..။

အစ်ကို ကတော့ သီရိ နဲ့ သီတာတောင် မှားကောင်း နေတုန်းပါပဲလေ..။

မငြိမ်းကို သူငယ်ချင်းတစ်ယောက်လိုပဲ ခင်တာဆိုရင်အစ်ကို ရင်ထဲမှာ တခြား တစ်စုံ တစ်ယောက်များ ရှိနေပြီ ထင်ပါရဲ့လေ..။

"......"

"ကိုယ့် အကြောင်းတွေ ဘာသိသေးလဲ..."

"သိပ်မသိပါဘူး...အကို ပြော ပြသလောက်ပဲ သိတာပါ...."

"ဟုတ်လား...ကိုယ် ပြောပြမိတာလား..."

"အင်း.."

"ထူးဆန်းလိုက်တာ...ကိုယ့် အကြောင်း မသိတဲ့ သူ ကို သိပ်မပြောမိပါဘူး...အဲဒါ ကိုယ် မဟုတ်ဘူးနဲ့ တူတယ်..."

"ဟီး..ဟီ...သေချာ ပြန်ဖတ်ကြည့်ပါဦး...ကော်ဖီ ဆိုရင် ခါးခါး ကြိုက်တယ်....အလုပ်လုပ်ရရင် ပျော်တယ်....အကြောင်းကြီးငယ် မရှိရင် အလုပ်မပျက်ဘူး....လုပ်ငန်းတွေ တိုးချဲ့ ဖို့ပဲ ခေါင်းထဲ ရှိတယ်...အကို တူလေး သုံးနှစ်ပြည့် မွေးနေ့ကျရင် ကားလေး တစ်စီး လက်ဆောင်ပေးမယ်....မှာထားတာ မရောက်သေးလို့ စိတ်ပူနေတယ် ဆိုတာလေ..."

"ဟား....အဲလောက်တောင်လား...ကျစ်....ရူးသွားတာ ဖြစ်မယ်..."

"ညီမက ဘယ်သူမှ မပြောပါဘူး...အကို ရင်ဖွင့်လို့ရပါတယ်..."

Love CatcherWhere stories live. Discover now