Better Now

3.3K 350 82
                                    

UNICODE

Taehyung

"မလုပ်ပါနဲ့ ဖေဖေ ..ဒီသစ်ပင်တွေကိုမခုတ်ပါနဲ့"

"ဖယ်စမ်း Kim Taehyung....
မင်းဒီသစ်ပင်တွေကိုကြည့်ပြီးငေးငိုင်နေတာ... ဒီသစ်ပင်တွေမရှိမှအေးမှာ"

ပြောရင်းလွှစက်ကိုခလုတ်ဆွဲလိုက်တာကြောင့် ဖေဖေလို့ခေါ်တဲ့လူလက်ထဲကနေအတင်းဆွဲကာတားဆီးနေမိသည်...

ဒီအခြေအနေဟာဘယ်လောက်အန္တရာယ်များတယ်ဆိုတာသိပေမယ့် ကြောက်လန့်မနေနိုင်ပါ...

ဘာကြောင့်မှန်းမသိစွာ ဝမ်းနည်းစေတဲ့ဒီသစ်ပင်တွေကိုဘာကြောင့်မှန်းမသိစွာ အဆုံးရှုံးမခံနိုင်တဲ့စိတ်ကသာကြီးစိုးနေတာမို့ အဖေ့လက်ထဲကလည်နေတဲ့လွှစက်ကိုအတင်းဆွဲထားမိသည်။

"မဖြစ်ဘူး...ဒီအပင်တွေတော့ ကျွန်တော့်အတွက်ချန်ထားပေးပါဖေဖေ...မလုပ်ပါနဲ့..."

ခြံဝန်းကျယ်ထဲမှာ အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ငိုယိုသံတွေဖုံးလွှမ်းနေပေမယ့်ဘယ်သူမှဝင်မဆွဲရဲစွာခပ်လှမ်းလှမ်းကသာငေးကြည့်နေကြသည်...

"မင်းဘာကိစ္စဒီအပင်တွေကိုစွဲလမ်းနေရတာလဲ...
ဒီအဖိုးမတန်တဲ့သစ်ပင်တွေကိုအသည်းအသန်ကာကွယ်ရတဲ့အကြောင်းအရင်းကိုရောသိလား...
အကြောင်းအရင်းရှိရင်ငါ့ကိုပြောပြစမ်း!"

မေမေ ~ မေမေစိုက်သွားတဲ့အပင်တွေများဖြစ်မလား..
ဒါမှမဟုတ် ကျွန်တော်အတွက်အရေးကြီးတဲ့တစ်စုံတစ်ယောက်ကစိုက်ပျိုးပေးခဲ့လေသလား...
ဟင့်အင်းမသိတော့ပါ...
သေချာတာကတော့ ဒီဝမ်နည်းဖို့ကောင်းတဲ့အပင်တွေမရှိတော့ရင် ကျွန်တော်သေသွားမည်ထင်သည်။

"Mr.KIM!!!"

နှစ်ယောက်တည်းရုန်းရင်းဆန်ခတ်ဖြစ်နေကြတုန်းကြားလိုက်ရတဲအသံကျယ်ကြောင့်လှည့်ကြည့်မိတော့ Namjoon Hyung ...

"ခင်ဗျားလက်ထဲက လွှစက်ကိုအခုချက်ချင်းချလိုက်"

"မင်းညီက ဒီသစ်ပင်တွေကြောင့်ဒီလိုဖြစ်နေတာ"

"တောက်!!ဒီအပင်တွေကြောင့်မဟုတ်ဘူး။ခင်ဗျားကြောင့်ဒီလိုဖြစ်နေတာမသိဘူးလား...."

𝐄𝐓𝐇𝐄𝐑𝐄𝐀𝐋 (𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄)Where stories live. Discover now