.. ၇၄ ..
18.1K 2K 70
《Zawgyi》
အပိုင်း - ၇၄
[ညီမလေးလား ချစ်သူလား? - ၂]
"ကျွန်တော် သဘောမတူနိုင်ဘူး ဒါပါပဲ ... မာမား ဒါကို အရမ်းလိုချင်နေရင်လည်း ကြိုက်တာသာလုပ်ပါ ဒါပေမယ့် ကျွန်တော်ကတော့ ရုတ်တရက်ကြီး ညီမတစ်ယောက် ရလာတယ်ဆိုတာကို လက်မခံနိုင်ဘူး ... သူမက ဘယ်သူပဲဖြစ်ဖြစ်" ချန်းစီနျန်က ဝမ်ယဉ်းလင်ကို တိတ်ဆိတ်သွားစေဖို့အတွက် သူ့လက်ဆောင်ကို ယူရန် အောက်ထပ်သို့ တန်းတန်းမတ်မတ် ဆင်းသွားလေ၏။
သွေးသားမတော်စပ်တဲ့သူ နှစ်ယောက်က မအူမလည် အိမ်တွင်းကစားပွဲ တစ်ချို့မှာ မောင်နှမတွေကဲ့သို့ ပြုမူရမည်ဆိုသည်မှာ လုံးဝကို အဓိပ္ပါယ်မရှိချေ။
ချန်းစီနျန် အောက်ထပ်သို့ ဆင်းသွားချိန်မှာ သူရဲ့ ပူပန်ကြောင့်ကြမှုကို ဖုံးကွယ်ဖို့ရာ မစွမ်းသာပဲ မော်ရွှီယွမ်မှာ သူ့ကို တွေ့မြင်လိုက်ချိန်မှာ စိတ်ရှုပ်သွားတော့သည် "မင်းရဲ့မျက်နှာကို ဒီလိုမျိုးဖြစ်သွားအောင် ဘယ်အရာကများ လုပ်လိုက်တာပါလိမ့်? တစ်ယောက်ယောက်က နည်းလမ်းမှားပြီး မင်းကို ပွတ်သပ်ကျီစယ်သွားလို့လား?" ဟု မေးလိုက်၏။
ချန်းစီနျန်က သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်ထိန်းလိုက်ကာ ပြန်ပြောလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး
... ငါ ကားထားတဲ့နေရာကိုသွားပြီး ယူစရာတစ်ခုရှိလို့ ... မင်း လိုက်မလား?"
"လိုက်မှာပေါ့!" ပေါပေါ့ပါးပါး ပြန်ဖြေလိုက်မှုဟာ မော်ရွှီယွမ်အား ချက်ချင်းပဲ အေးအေးဆေးဆေး သက်တောင့်သက်သာ ခံစားရစေ၏။
သူတို့နှစ်ဦးသားက လမ်းတစ်လျှောက်တွင် အလုပ်ကိစ္စအချို့အကြောင်း စကားစမြည် ပြောဆိုနေကြရင်းဖြင့် မော်ရွှီယွမ်က ရုတ်တရက် ဖွင့်ဟပြောဆိုလိုက်သည် "ငါ ချင်းကွမ်းချန်ကို တွေ့လိုက်တယ်"
ချန်းစီနျန်နှင့် ချင်းကွမ်းချန်တို့၏ ကုမ္ပဏီတို့မှာ ရှေ့လတုန်းက လေလံပြိုင်ပွဲတစ်ခုတွင် ထိပ်တိုက်တွေ့ဆုံကာ အခြေအနေ တင်းမာခဲ့ကြပြီး နောက်ဆုံးတွင် ချန်းစီနျန်က အကျိုးအမြတ် အနည်းငယ်ဖြင့် အနိုင်ရရှိခဲ့လေတာပင် ဖြစ်သည်။ အဲဒီကတည်းက မော်ရွှီယွမ်က ချင်းကွမ်းချန်အား တော်တော်လေး ကောင်းကောင်းကြီးကို သိရှိလာတော့တာပင် ဖြစ်သည်။