He is my???(unicode)

461 23 6
                                    


ချွေးစေးတွေထွက်နေသည့်တိုင်
မိမိလက်နှစ်ဖက်ကြားရှိ လက်တစ်
စုံကို တင်းတင်းဆွဲထားမိသည်။
ပါးပြင်ထက် စီးကျလာသောမျက်
ရည်စီးကြောင်းနှင့်အတူ ရှိုက်က်သံ
ခပ်တိုးတိုးထွက်လာသောအခါ
လက်ဆွဲခံထားရသောတစ်ဖက်
သူမှစိတ်ပျက်စွာ စုပ်သက်လေ၏။

"ချစ်တယ်ဆို"

မော့ငေး၍မေးသောမျက်လုံးများ
ဟာဖျက်ဖျက်လက်နေသည်မှာည
အခါ လင်းသည့်ကြယ်လေးတွေ
လို သို့သော်လည်း အမေးခံရသူ
အမျိုးသားမှ ထိုအလှပအားမြင်
ဟန်မတူစွာ ခေါင်းမော့၍ ဟား
ခနဲရယ်သည်။

"ရူးလိုက်တာ..ချစ်တယ်ပြော
တိုင်းမယုံရဘူး"

"ဘာလို့လဲ..မထားခဲ့ပါနဲ့..
ချစ်တယ်ပြောခဲ့တယ်လေ"

"မချစ်ဘူး..ဘယ်တုန်းကမှမချစ်
ခဲ့ဘူး...သွားတော့မယ်"

"ဟင့်အင်း...အကို..!"

ကျောခိုင်းသွားသူကိုကြည့်ရင်းတာ
ကျိုးလာသော၀မ်းနည်းမူအထိမ်း
အမှက်များအား တားစီးမနေတော့။

သူနှင့်အကိုရဲ့‌အကြောင်းကို အကို့
မိဘတွေ သိသွားတုန်းက "ကောင်
လေးကငယ်သေးတယ် မိသားစုနောက်
ခံကလဲ အမေတို့တွက်အားတစ်ခု
ဖြစ်ရလောက်တဲ့ထိ မတောင့်တင်း
ဘူး ဦးနှောက်နဲ့ရွေးပါ သားက
ဒီထက်ပိုရနိုင်သေးတယ်"ဟူသော
စကားများကို သူ့ရှေ့တွင်ပင်အား
မနာစွာ ပြောခဲ့သည်။

ထိုစကားကြောင့်ပင်အကိုကသူ့ကို
ထားခဲ့ပြီ။ဆယ့်ခြောက်နှစ်ဆိုတဲ့
အရွယ်မှာ အချစ်ရဆုံး လူရဲ့
အမှိုက်စလေးလို စွန့်ပြစ်ခြင်း
ကိုခံခဲ့ရခြင်းဟာ ဂျီဟွန်းရဲ့
ဘ၀တွက် နာစရာ ဒဏ်ရာတစ်
ခုဖြစ်ခဲ့သည်။

သတ္တိကြောင်လိုက်တာ..ခင်များရယ်..။

၂နှစ်ကြာပြီးနောက်

"ဂျီဟွန်း..king ,queen selection
တွေ ရွေးရဦးမယ်နော်။"

PTစာအုပ်များအား စားပွဲပေါ်ချ၍
ပြောလာသော နီရယ် ကြောင့်ဂျီဟွန်း
နှာခေါင်းပေါ်လျှောကျနေသောမျက်
မှန်အဝိုင်းလေးအား လက်ညိုး
ဖြင့်ပင့်တင်ရင်း ခေါင်းငြိမ့်ပြ
လိုက်သည်။

Beautiful Liar(one short)Where stories live. Discover now