episode-2

2.9K 300 9
                                    

21 ရာစု၌ ......

ပြိုးပြိုးပြက်ပြက်လက်နေသော မီးရောင်စုံတွေ
ရဲ့ Target မှာ လှလှပပဆံပင်ရွှေအိုရောင်လေး
ထင်းနေခဲ့သည်။ကော်ဖီရောင်၏ အနောက်တိုင်း
ဝတ်စုံချပ်ချပ်ကပ်ကပ်လေးဖြင့် အချိုးကျလှတဲ့
ကိုယ်ခန္ဓာက သိပ်ကိုပေါ်လွင်ခဲ့သည်။

"NEW ARTIST OF THE YEAR!!!!!"

ဇာတ်လိုက်လေးဟာ သူရရှိထားတဲ့ Trophyကို
လေပေါ်မြှောက်ပြရင်း သူ့ပရိတ်သတ်တွေဆီက
အားပေးသံကို ခံစားသည်။အပြိုင်အဆိုင်များတဲ့
နာမည်ကြီးလောကရဲ့ အကျော်အမောများစွာမှ
ပေါ်ထွက်လာတဲ့ မကောင်းတတ်သော လက်ခုပ်
သံတွေကိုလည်း နားစွင့်ထားသည်။မျက်ဝန်းမှေး
လေးများ ပျောက်အောင် ရယ်ပြဖို့ သူမမေ့ခဲ့။

"ဂုဏ်ပြုပါတယ် ဂျီမင်"
"ဂုဏ်ပြုပါတယ် ဂျီမင်"

ဂုဏ်ပြုသံတွေဟာ အိမ်အပြန်လမ်းထိ နားထဲမှာ
စွဲနေခဲ့သည်။ပျော်ရဲ့လားဆိုရင် ပျော်လွန်းလို့ပင်
ခက်နေရပါသေးသည်။ခြေလှမ်းတွေအများကြီးကြားမှာမှ ကိုယ်က ရှေ့တစ်ဆင့်ကို တက်သွား
နိုင်တယ်ဆိုသော အသိ။အောင်မြင်မှုသေးသေး
လေးဖြစ်ဖြစ်၊အလွတ်မပေး ခံစားတတ်သည့်လူ
ဖြစ်သည်။သူသည် တက်သစ်စ မင်းသားလေး
ပါ့ခ်ဂျီမင် ...။

"ဂျီမင် ..တိုက်ခန်းကိုပဲ ပြန်မှာလား .. "

"အင်း ..ကျွန်တော် အသက်ရှူကြပ်တယ် .. ခုနက
စင်ပေါ်မှာ ကျေးဇူးတင်စကားပြောတုန်းကတောင် သိပ်အဆင်မပြေဘူး .."

မန်နေဂျာ နမ်ဂျွန်းသည် ကားမောင်းနေရင်းမှ၊သူ၏မင်းသားချောကို အိတ်ဆောင်အသက်ရှူကိရိယာသေးသေးလေး ထုတ်ပေးလိုက်သည်။

"ဂရုစိုက် ဂျီမင်၊ကျန်းမာရေးက အဓိကပဲ"

"အဲ့တာကြောင့် ရည်းစားကို ဆရာဝန်လေး ရွေး
ထားပေါ့ဗျ"

ဂျီမင်၏စကားကြောင့် နမ်ဂျွန်းဟာ အသံထွက်
အောင်ပင် ရယ်မိသေးသည်။ညီအစ်ကိုလို ဖြစ်
နေတဲ့သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဂျီမင်
ရဲ့ ပရိတ်သတ်တွေက များစွာသဘောကျနေကြ
ကာ၊မန်နေဂျာဖြစ်တဲ့နမ်ဂျွန်းမှာတောင်Fangirl
လေးများ ရှိတတ်သေးသည်။

Where are you ?(Edited Version)Donde viven las historias. Descúbrelo ahora