WTTC - 3

6.4K 669 39
                                    

အရေးပေါ်ဆောင်မှာ အလုပ်လုပ်နေရသည်မှာ ငါးရက်ရှိ​နေပြီဖြစ်သည့်တိုင် ရိ​ပေါ်တို့မှာ ​ကောင်းကောင်း မနားရသေး​ပေ သုံးဖွဲ့ထဲမှာ မိမိတို့အဖွဲတခုတည်း လူ​ခြောက်​ယောက်သာရှိသည့်အဖွဲ့ဖြစ်သည့်အတွက် အခြားနှစ်ဖွဲ့ထက် လူနည်းသည့်အပြင် သေပြေးရှင်ပြေး ပြေးလွှားရ​သော ဌာနတခုမှာဖြစ်လို့ သေအောင် ပင်ပန်းလှသည်။ ပိုဆိုးသည်မှာ သွေးကြောက်တတ်​သော ၀မ်လင်က သွေးမြင်တာနှင့် အနားမကပ်တော့​​လေ​တော့ မိမိတို့မှာ ၀မ်လင်အစားပါ ၀င်လုပ်နေရခြင်းပင် ဖြစ်သည်။

ပင်ပန်းလာကြတဲ့အခါ အခြားလူတွေက ၀မ်လင့်ကို စိတ်တိုသော်လည်း လူတယောက်မှာ အကြောက်တရားတမျိုးစီရှိခြင်းကို သိထားသည့် ရိ​ပေါ်ကတော့ မိမိကိုယ်တိုင်လည်း အမှောင်ကို သေမလောက် ကြောက်တတ်တာကြောင့် ကိုယ်ချင်းစာသဖြင့် ၀မ်လင်ကိုယ်စား ပိုလုပ်ပေးတာများသည်။

နေ့တစ်​နေ့ရဲ့ ​နေ့လည်တခုတွင်​တော့ အရေးပေါ်ဆောင်အတွင်း ဟိုပြေးဒီပြေးအလုပ်များနေသည့် အလုပ်သင်တစုနှင့်ဆန့်ကျင်စွာ ဆေးရုံကန်တင်းထဲ တဟီးဟီးတဟားဟားနှင့် ပွဲကျနေသော စီနီယာသုံးယောက်လဲရှိနေခဲ့သည်။

"မင်းတို့ အဖွဲ့က ကလေးတွေ အဆင်ပြေကြလား"

"​ပြေပါတယ် ငါ့အဖွဲ့ကလေးတွေက ငါ့ထက်တောင် တည်ငြိမ်နေသေး"

"ဟုတ်လား ၀မ်ချောင်။ ကျန်းချန် မင်းရော"

"ငါ့အဖွဲ့လဲ အေးဆေးပါပဲ။ မင်းအဖွဲ့က ကောင်လေးတွေရော"

"ငါဆွဲခေါ်ရာနောက် တရွတ်တိုက်ပါနေကြတာပေါ့ကွာ။ဘဒါတောင် အခုထိ အရေးပေါ်လာရင် ဘေးကပဲ ကူခိုင်းသေးတာနော်။ အဲ့ဒါကိုပဲ တစ်လွဲတွေလုပ်နေတာ"

"အရမ်းလဲမတင်းကြပ်ပါနဲ့ကွာ ငါတွေ့လိုက်တယ် သူတို့တွေကို။ ပြီးတော့ အားနေ ကော်ဖီတို့ ခေါက်ဆွဲတို့ပဲ စားနေကြတာ။ ထမင်းလေးတော့ အေးဆေး ပေးစားလိုက်ပါကွ"

"အေးလေ တော်ကြာ ကလေးတွေ လဲကုန်မယ်နော်။ဘထမင်းလဲ မင်းက ကောင်းကောင်းပေးမစား၊ အိပ်ချိန်လဲ မရှိသလောက်ပဲ ဆိုတော့"

"ငါထမင်းစားချိန် အလုံအလောက် ပေးထားပါတယ်ကွ။ သူတို့ဘာသာ မစားကြတာ"

When The Time Comes (Completed)Where stories live. Discover now