part 17

5.8K 342 28
                                    

Zaw...

ရလဒ်တွေကို တန်းမပြောတော့ဘဲ သေချာစစ်ဆေးမည်..ထို့နောက်မှ အသိပေးမည်
ဆိုသောကြောင့် ထိုနေ့တွင် လူတိုင်းရင်တထိတ်ထိတ်နှင့် ပြန်သွားကြရလေသည်.....

ထိုညနေတွင် ရှောင်းကျန့်ရော..ဝမ်ရိပေါ်ပါ...
အိမ်သို့တန်းပြန်ခဲ့ကြကာ... အိမ်ရောက်သောအခါ
ရှောင်းကျန့်က ရိပေါ်ဆာနေမည်ကိုသိသည့်အတွက် မီးဖိုချောင်ဝင်ကာ...ဟင်းချက်ခြင်း လုပ်ငန်းကို စတင်နေလေသည်။
ရိပေါ်ကတော့ ရှောင်းကျန့် လုပ်သမျှကို တစိမ့်စိမ့်
ထိုင်ကြည့်ရင်း ရုတ်တရက် ဝင်လာသော အတွေးကြောင့် ဆတ်ခနဲကောက်ထလိုက်သောအခါ ရှောင်းကျန့်
မှာပင် ကြောင်၍ ကြည့်မိလေသည်။

* ရိပေါ်...ဘာလို့လဲ....*

*ဟင်...ဘာ...ဘာမှမဟုတ်ဘူးကောကော... ညောင်းလာလို့ ထတာ ဟီး...*

ထိုအခါ အပြုံးချိုချိုလေး ပြုံးပြကာ ပြန်လှည့်သွား
သော ကျန့်ကောကြောင့် ရိပေါ်ရူးလေပြီ။

*(အားယား..ကျန့်ကောရေ တိတိလေးမဝေခွဲ တက်တော့ဘူး... ကယ်ပါဦးကျန့်ကောကော... အဲ့နေ့ညက တကယ်ဖြစ်သွားတာလား အိပ်မက်လား...?? အိပ်မက်သာဆိုရင် ငါက
ဘယ်အချိန်တည်းက အိပ်ယာပေါ် တက်အိပ်လိုက်တာလဲ..... ဟမ်... အိပ်မက်ထဲမှာက ငါဆိုဖာပေါ်မှာ ကျန့်ကောကို မှီရင်းအိပ်သွားတာဆိုရင်... အပြင်မှာ ငါဘယ်နားအိပ်သွားတာပါလိမ့် အိပ်ယာပေါ် တန်းပြီး သေသေချာချာ အိပ်ရအောင်လည်း ငါအပေါ်ထပ်ကို အပြင်မှာတက်မိလို့လား...??
ကဲ ကျန့်ကောနဲ့က အဲ့ညက ဖြစ်ခဲ့တာ အစစ်ဆိုရင်
ကျန့်ကောက မနက်က ဘယ်ပျောက်သွားတာလဲ...
ဟမ်...ဘာတွေလဲဟ..)*

ရိပေါ်တစ်ယောက် အဖြစ်အပျက်များကို ပြန်တွေးသော်လည်း သူအိပ်ယာပေါ်ရောက်နေတယ့် အကြောင်း အရင်းကို မသိ။...
မနေ့ည 'အပိုင်း 15' ကိစ္စ ကိုလည်းသူ အစစ်ဖြစ်ခဲ့တာလား အိပ်မက်လား သူမသိတော့။
ရိပေါ်တစ်ယောက် အဖြေရှာရင်း တစ်ယောက်တည်း ချာချာလည်နေတော့သည်။

ရှောင်းကျန့် ဟင်းကို ရိပေါ်အား မြည်းခိုင်းရန်
ရိပေါ်ဖက်သို့လှည့်ကာ ပြောရန်ပြင်စဉ်...
ခေါင်းခါလိုက် မျက်မှောင်ကျုံ့လိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေသော ပေါက်စအား နားမလည်စွာ ကြည့်နေမိသည်။
ဤပေါက်စ ဘာတွေဖြစ်နေပြန်ပြီလဲမသိ...

My little thing(Completed)Where stories live. Discover now